Monster In Me
Part 28Monster In Me
Part 28Jiyongရုံးဆင်းတော့ Seungriနဲ့အတူတူပြန်
လာကြတယ်..အရင်ကဆိုကားပေါ်မှာ စကား
တွေပြောမကုန်ဖြစ်ခဲ့ပေမယ့် ဒီနေ့တော့ အသံ
ကတိတ်ဆိတ်လို့..ငြိမ်သက်ခြင်းအလျင်မှာ
မရေရာမှုတွေ စိုးရိမ်ကြောင့်ကြမှုတွေ မနာလို
ဝန်တိုမှုတွေက ရောပြွန်းလို့နေတော့တယ်..ခုလိုအခြေအနေကြီးကိုသည်းမခံနိုင်တဲ့အဆုံး
" Seungri.."
Jiyong ခေါ်လိုက်ပေမယ့် တဖက်ကပြန်မထူး
မကြားချင်ယောင်ဆောင်နေတာအသိသာကြီး" Seungri..ဘာဖြစ်နေတာလဲ "
လျစ်လျူရှုခံထားရတဲ့ ခေါ်သံတွေ..Jiyong က
တော့ စိတ်ရှည်လက်ရှည်ပါပဲ.." Seungri..ကိုကိုမေးနေတယ်လေ..ဘာဖြစ်
နေတာလဲလို့ "" ဘာဖြစ်နေတယ်ထင်လို့်လဲ "
" မင်း စကားမပြောလို့လေ..ဘာလဲ..နေ့လည်
က အတူတူမလိုက်ပေးလို့ စိတ်ဆိုးတာလား
စိတ်မဆိုးပါနဲ့..အရေးကြီးကိစ္စရှိလို့သွားရတာ
ပါ..ဟုတ်ပြီလား "" မင်းရဲ့အရေးကြီးတယ်ဆိုတဲ့ကိစ္စက ငါဆက်
တဲ့ဖုန်းကိုတောင် သူများနဲ့ပေးကိုင်ခိုင်းရတဲ့
လောက်တဲ့အထိ တော်တော်များ အရေးကြီး
နေတာလား "Seungri ရဲ့ မင်းနဲ့ငါ အသုံးအနှုန်းကြောင့်
Jiyong ချွေးပြန်လာတယ်..Air con ဖွင့်ထား
ပေမယ့် ဘယ်အပူငွေ့ကလောင်မြိုက်စေသလဲ
မသိပါပဲ ဇောချွေးတွေစိမ့်လာတော့တာ..Jiyong မှာစကားတလုံးချင်းစီကို ဂရုတစိုက်နဲ့
" သြော် အဲ့တုန်းကငါဖုန်းပြောလို့အဆင်မပြေ
လို့ Jin Wooကိုကိုင်ခိုင်းလိုက်တာပါ..ဟိုလေ
တခြားသူနဲ့စကားပြောနေတုန်း ဖုန်းပြန်ဖြေဖို့
ဆိုတာက နည်းနည်းရိုင်းတယ်မလား "" ငါပြောဖူးပါတယ်..ငါ့ထက် တခြားဘယ်သူ
ကမှအရေးမကြီးမိစေနဲ့ဆိုတာလေ ဘယ်ကိစ္စ
ကမှ ငါ့ထက် အရေးမကြီးပါနဲ့လို့ ပြောခဲ့တာ..
မင်းရဲ့ဦးစားပေးက ငါဆိုတာ မင်းမေ့သွားပြီ
လား..မင်းစိတ်ထဲမှာ ငါမရှိတော့တာလား..
ဟမ်..ပြောစမ်းပါ "