Monster In Me
Part 4Seungri အသက်တောင်ပြင်းပြင်းမရှုရဲ..
မီးပိတ်ထားတာမို့ ကြောက်နေတာလေ..
Jiyong အိပ်သွားမှ မီးထဖွင့်မယ့်အကြံနဲ့
တိတ်တိတ်ကလေး ငြိမ်ပြီးစောင့်နေတုန်း" Lee Seungri..."
ညင်ညင်သာသာအသံလေး..Jiyong ဆီက
ဒီလိုအသံမျိုး ခုမှပဲကြားဖူးတော့တယ်" အင်း.."
" မင်း တကယ်ပဲ ငါတို့ငယ်ငယ်ကအကြောင်း
တွေကို မမှတ်မိတာလား "" ငါ ဘုရားကျောင်းတံခါးမှာငုတ်တုတ်ထိုင်နေ
ခဲ့မိတာကလွဲလို့ တခြားဟာတွေမမှတ်မိတော့
ဘူး မင်းကိုလည်းတကယ်မမှတ်မိဘူး "" ခုနက..မင်းကို ငါ ငယ်ငယ်ကလုပ်တာတွေ
ကျ ဘယ်လိုသိတာလဲ "" သြော်..ငါ အိမ်မက်မက်တာပါ..အိမ်မက်ထဲ
မှာငါ့အဖေကမင်းတို့အိမ်ကိုအလည်သွားမယ်
ဆိုပြီးခေါ်နေတာ မင်းကငါ့ကိုဇွတ်အတင်းနမ်း
လို့ ငါကမလိုက်ချင်ဘူးလို့ပြောနေတာလေ..
ဘာလဲ မင်း ငယ်ငယ်က တကယ်ပဲငါ့ကိုအနိုင်
ကျင့်ခဲ့လို့လား.."" မ...မဟုတ်ပါဘူး "
" ဘာပဲဖြစ်ဖြစ်ပါကွာ..ငယ်ငယ်ကိစ္စတွေပြန်
သိရတော့လည်း ဘာလုပ်မှာလဲ..ငါ့မိဘတွေမှ
မရှိတော့တာ..ဘုရားကျောင်းမှာဆင်းဆင်းရဲရဲ
နေခဲ့ရပေမယ့် ဦး ငါ့ကိုရှာတွေ့တာကိုပဲ ငါက
ကျေးဇူးတင်ပါတယ် မင်းကိုရောပဲ..မင်းတို့သာ
ငါ့ကိုရှာမတွေ့ရင် ငါ အဲ့မှာပဲနေနေရဦးမှာလေ
ငါ့ကိုခေါ်လာပေးတဲ့အတွက် ငါ့တသက်လုံး
မင်းတို့ကိုကျေးဇူးကြွေးရှိနေပြီ "Jiyong ဆီက ဘာအသံမှမကြားရတော့ဘူး..
ခဏလောက်တိတ်ဆိတ်သွားပြီးမှ.." မင်း ငါနဲ့လာအိပ်မလား "
" ဟမ်... "
Jiyong က သူ့ကုတင်ပေါ်ကနေထိုင်နေရင်း
အောက်မှာအခင်းနဲ့အိပ်နေတဲ့ Seungri ကို
လှမ်းကြည့်လိုက်တယ်..Seungri ကလည်း
ခေါင်းလေးထောင်ပြီး Jiyongကိုမော့ကြည့်ပြီး" တကယ်လား..ငါအဲ့ပေါ်မှာတကယ်လာအိပ်
လို့ရလားဟင် "" မင်း အိပ်ချင်ရင်လာအိပ်လေ..ဒါပေမယ့် ငါ့
ကိုလာမထိနဲ့ "
