Monster In Me
Part 22" Seungri..အိမ်မပြန်ဘူးလား..အခုဘယ်ကို
မောင်းနေတာလဲ "" ဒီနေ့ အိမ်မှာ အိပ်ဖို့အဆင်မပြေဘူး..အဲ့ဒါ
ကြောင့်.."" ဘာဖြစ်လို့တုန်း.."
" ကိုကို နဲ့ ကျွန်တော် ဟိုဟာလုပ်ရအောင် "
" ဘာရယ်.."
Seungri က မဖြေပဲ..ရယ်နေတော့တယ်
Jiyong မှာ သူကြားလိုက်ရတာကို မရေမရာ.." ဘာလုပ်မလို့တုန်း.."
" အာ..ကိုကိုကလည်းဗျာ "
ရှက်သွေးနုရောင်မျက်နှာလေးနဲ့ Seungri မှာ သာသာလေးထပ်ရယ်ပြန်တယ်
Jiyong မှာပိုလို့တောင်နားမလည်..ကားလေး
က ဝင်းခြံကြီးတခုရှေ့မှာရပ်သွားတယ်..အပန်းဖြေစံအိမ်..
Jiyong တို့ကုမ္ပဏီကိုနိုင်ငံခြားဧည့်သည်တွေ
လာတိုင်း အနားယူဖို့ပြင်ဆင်ထားတဲ့ စံအိမ်
မှိုင်းညှို့အုပ်စိုင်းနေတဲ့ တောအုပ်အသေးလေး
ရယ် ရေကူးကန်လေးရယ် နှစ်ထပ်တိုက်လေး
တလုံးရယ် ရှိတဲ့ခြံဝန်းလေးက သာယာငြိမ်
သက်လို့...ခြံစောင့်ဦးလေးကြီးက အပြေးအလွှားတံခါး
လာဖွင့်ပေးတယ်..Seungri ကိုလည်းရင်းနှီး
နေပြီးတဲ့ ပုံပဲ..Seungri လည်း ကားကို
တလှိမ့်ချင်း ဖြည်းဖြည်းပဲမောင်းလာခဲ့ရင်း
ပတ်ဝန်းကျင်ကို လွမ်းသလိုငေးနေတာမို့.." မင်း ဒီကိုမကြာ မကြာလာတတ်သလား "
" အင်း..တယောက်တည်းနေချင်တဲ့အချိန်မျိုးနဲ့
စိတ်ဓာတ်ကျတဲ့အချိန်မျိုးတွေမှာ ဒီကိုလာနေ
တတ်တာ.."" ဒီအတောအတွင်း စိတ်ညစ်စရာတွေရှိခဲ့တာ
လား..အရမ်းစိတ်ပင်ပန်းခဲ့ရတာလား "" ဒီလိုပါပဲ..ကြုံတွေ့နေချိန်တုန်းကတော့ စိတ်
ညစ်စရာ စိတ်ပျက်စရာတွေ ဖြစ်ခဲ့ပေမယ့်
ကျော်လွှားသွားနိုင်တဲ့အခါကျတော့လည်း ဘာမှမဟုတ်တော့ပါဘူး "" မင်းတယောက်တည်း ဘယ်လိုများ ရင်ဆိုင်
သလဲ..တခုခုကို စိတ်ပျက်အားငယ်မိရင် "" အင်း..အရင်ဆုံး စိတ်ကိုလွတ်လပ်ခွင့်ပေး
လိုက်တယ်..တယောက်တည်း အနားယူတာ
မျိုးပေါ့..ပြီးရင် ကိုယ်လုပ်နိုင်တာနဲ့မလုပ်နိုင်
တာကို အချိန်ယူစဉ်းစားပြီးမှ လုပ်ချင်တာကို
လုပ်လိုက်တာပဲ..ဒါပေမယ့် ကျွန်တော်က
တမျိုးရယ်.."