Part 5 (U)

249 25 0
                                    

Monster In Me
Part 5

ကျောင်းဝန်းထဲကို ကားလေးဝင်သွားတာနဲ့
တပြိူင်နက်တည်းSeungriမှာ ဟိုဟိုဒီဒီကြည့်
ပြီး ပျော်နေတော့တယ်..သူလည်း ဝင်ခွင့်သာ
အောင်ရင် တက္ကသိုလ်တက်ရမယ်ဆိုတ့ဲ
အတွေးနဲ့ အူမြူးလာပြီး နေရာတိုင်းကိုမလွတ်
တမ်းပဲ ငေးကြည့်ရင်း လိုက်လာခ့ဲတော့တယ်

" ခဏလေးပဲ..အတန်းမရှိဘူးရယ် စာအုပ်ငှါး
ထားလို့ ပြန်လာပေးတာ..ကားထဲကပဲစောင့်
နေ..ရတယ်မလား "

" အင်း..ရပါတယ် "

Jiyong က ကားကိုအဆင်ပြေတ့ဲနေရာမှာရပ်
ခ့ဲပြီး စာကြည့်တိုက်ဘက်ကို ခပ်သုတ်သုတ်
ထွက်သွားတော့တယ်..

သီချင်းကလည်း ဖွင့်ထားတာမို့ Seungri
သီချင်းလိုက်ညည်းနေရင်း ကားပေါ်မှာတင်
ထားတ့ဲ ဟိုဟိုဒီဒီ ပစ္စည်းပုစိသေးသေးလေး
တွေကိုတွေ့တော့ အထူးအဆန်းဖြစ်နေမိပြန်
ရော..

အရုပ်သေးသေးလေးတွေ..ရေမွှေးဘူးလေး
တွေ..ကားထဲမှာ နေရာစုံပဲ..

~ Kwon Jiyong..လူကိုကြည့်တော့ရုပ်တည်
နဲ့..ဒီလို ချစ်စရာကောင်းတ့ဲပစ္စည်းတွေလည်း
ဝယ်တတ်တာပဲလား

သေချာကြည့်လိုက်တော့ တချို့အရုပ်လေး
တွေဆို ၂ခု ၃ခု ရှိနေတတ်တာ..ကားထဲမှာ
အပြည့်ကိုဖြစ်နေတယ်..အရုပ်ကောက်တ့ဲ
စက်ထဲက ပုံစံတူအရုပ်လေးတွေလိုပဲ..

Seungriအခုမှသတိထားမိတယ် Jiyong ရဲ့
အဝတ်ဗီရိုကိုမွှေတုန်းကလည်း အ့ဲလိုပဲ အကျႌ
တမျိုးတည်းကို နှစ်ထည်ထပ်တာမျိုးတွေတွေ့
ဖူးတယ်..ခါးပတ်တွေဆိုလည်းအများကြီး..
ပိုထူးဆန်းတာက လက်စွပ်ထူးထူးဆန်းဆန်း
လေးတွေ လက်ပတ်ကြိုးလှလှလေးတွေကိုဗူး
လိုက်ကြီးတွေ့တာ..ဝတ်လည်းမဝတ်ဘူး..
ပြီးတော့ lollipop ရောင်စုံတွေ..

~ ဒီကောင် ဘာအကျင့်ပါလိမ့်..ပုစုခရုတွေ
ဝယ်စုရတာ ကြိုက်တာလားမသိဘူး..

Seungri လည်း မတွေးတတ်တော့တာနဲ့ပဲ
ဖုန်းပဲထုတ်ကြည့်နေလိုက်တော့တယ်..
selfieတွေ ဘာတွေရိုက်ပေါ့လေ..

ခဏနေတော့ Jiyongပြန်ရောက်လာပြီး ကား
ထဲကို ဝင်လာတယ် ဘာမှသိပ်မပြောပဲ ကား
ကိုပဲ ဂရုတစိုက်မောင်းလာရင်း တဖြည်းဖြည်း
နဲ့ မြို့ြ့ပင်ကနေ Seungri မိဘတွေရဲ့အရိုးပြာ
မြှုပ်ထားတ့ဲ သချႋုင်းဆီကိုရောက်တော့..

Monster In Me (Completed)Where stories live. Discover now