Monster In Me
Part 16Jiyongတယောက် အိတ်ထဲကပစ္စည်းတွေကို
ထုတ်ပြီး သူ့အမေဖို့..Dara ဖို့..သူ့အဖေဖို့..
Top Hyung ဖို့ဆိုပြီးခွဲနေတော့ အခန်းထဲမှာ
ရှုပ်ပွနေတာပေါ့..အ့ဲအချိန်မှာပဲ Seungri အလုပ်က ပြန်လာပြီး
Jiyong အခန်းထဲကို အပြေးကလေးဝင်သွား
တယ်.." Jiyong Hyung..."
" အင်း..ပြန်လာပြီလား "
" ဟုတ်..ကျွန်တော့အတွက် ဘာဝယ်ခ့ဲလဲ "
" ဝယ်ခ့ဲတယ်..ဒါနဲ့ မင်းက ကိုယ့်အခန်းကို
မသုံးပဲနဲ့ ဘာလို့ ငါ့အခန်းကိုသုံးနေတာလဲ "" အမ်..ဟိုဟာ..Hyung အခန်းမှာ ပိုပြီး
သက်တောင့်သက်သာ ဖြစ်လို့ပါ..တကယ်လို့
Hyungအဆင်မပြေရင်ကျွန်တော်ပြောင်းပေး
ရမလား "" အင်း..ပြောင်းလိုက်လေ..မင်းလည်း အရွယ်
ကြီးလာပြီပဲ ကိုယ့်အခန်းနဲ့ကိုယ်နေတော့ "" ဟုတ်..."
" ဒီနေ့တော့ ထားပါ..မနက်ဖြန်တော့ပြောင်း
လိုက် "~ Kwon Jiyong..ငါ သူ့ဆီ မဆက်သွယ်လို့
တကယ်စိတ်နာသွားပြီနေမှာ အရင်ကတခန်း
တည်းအတူတူနေခ့ဲတာတောင် ခုကျ အခန်း
ပြောင်းတ့ဲလား..မုန်းလိုက်တာ..ပြောင်းဆိုမှ
တော့ပြောင်းရုံပေါ့..ဘယ်သူကအသေကောင်
လိုမျက်နှာနဲ့ အေးစက်စက်လုပ်နေတ့ဲသူရဲ့
အခန်းထဲမှာနေချင်မှာမို့လို့လဲ..ဟွင်း.." ရပါတယ်..အခုပဲ ပြောင်းလိုက်ပါ့မယ်.."
Seungri ဘောက်ဆတ်ဆတ်ပြောလိုက်ပြီး
သူ ပစ္စည်းတွေ အသုံးအဆောင်တွေကိုရွေ့နေ
တယ်..အခန်းထဲတခါဝင်လာလိုက် Jiyong
ကို မ့ဲရွဲ့ပြသွားလိုက်..ပစ္စည်းသယ်သွားလိုက်..
ပြန်ထွက်သွားလိုက်နဲ့..၉ခါ ၁၀ခါထက်မနည်း
လုပ်နေတာတောင် Jiyong က တချက်မော့
မကြည့်ဘူး..နောက်ဆုံးတခေါက် သယ်ဖို့ဝင်လာတ့ဲ
Seungriမှာသူ့အိပ်ရာခင်းတွေ ခေါင်းအုံးတွေ
ကို ပွေ့ပြီးအထမှာပဲ Jiyong ချထားတ့ဲအိတ်
တွေနဲ့ ခလုတ်တိုက်မိပြီး ဝုန်းကနဲ ပစ်လဲကျ
သွားတော့တယ်..ရေခဲစိုင်လို အေးစက်တောင့်ခဲနေတ့ဲ Jiyong
မှာ..အိပ်ရာခင်းတွေနဲ့ လုံးထွေးပြီးမထနိုင်ဖြစ်
နေတ့ဲ Seungri အနားကို လေအဟုန်နဲ့
ရောက်သွားပြီး..