Part 25 (U)

318 24 0
                                    

Monster In Me
Part 25

ချစ်တ့ဲသူကို မကာကွယ်ပေးနိုင်ရခြင်းက
ကိုယ့်ရဲ့ည့ံဖျင်းမှုလို့သာ သတ်မှတ်လိုက်တယ်

ဖြစ်ပျက်ပြီးသွားမှ ဘာလုပ်လို့ရတော့မှာလဲ

ကားမောင်းနေရင်း တဖြည်းဖြည်းအရှိန်များ
လာလိုက်..လက်သီးနဲ့ထုလိုက်..တောက်ခတ်
လိုက်နဲ့ Jiyong ဒေါသတွေ အကင်းမသေဘူး

အမြဲတမ်း မျက်နှာတည်တည်နဲ့ခပ်အေးအေး
နေတတ်တ့ဲ Jiyong ဒီလောက်ဒေါသထွက်
နေတာကို မြင်ရတာ ဒါပထမဆုံးပဲမို့ ဘေးက
ထိုင်လိုက်လာတ့ဲ Seungri တောင် လန့်လာ
တယ်

ခုနက ဆိုင်ထဲမှာ စားပွဲကိုလှန်ချလိုက်တုန်းက
Jiyong တကယ်ပဲ လူသတ်ချင်နေတ့ဲပုံ..
သူဘာလုပ်လုပ်အမြဲသည်းခံတတ်တ့ဲ Jiyong
အခုလိုကျတော့ တကယ်ကို ဒေါသကြီးမှန်း
Seungri သိလိုက်ရတာပေါ့..

တသက်လုံး ရွှေပေါ်မြတင်နေလာတ့ဲ
သခင်လေးရဲ့ဒီလိုအပြုအမူမျိုးက မြင်ရခဲတယ်
အ့ံသြစရာကောင်းနေတာတော့ အမှန်ပဲ..

Kiko ကိုလည်းအလုပ်ထုတ်ရုံ..ဒီတိုင်း ဆူပူရုံ
နဲ့ပြီးသွားမယ်ထင်ခ့ဲပေမယ့် ခြိမ်းခြောက်တ့ဲ
အထိဖြစ်သွားခ့ဲမယ်လို့ မထင်ဘူးလေ..

ဒါတွေဟာ သူချစ်တ့ဲ Seungri ကြောင့်တ့ဲလား

သူတောင် အကြမ်းပတမ်းမလုပ်ရက်လို့
မထိရက် မကိုင်ရက်ထားတာ တခြားသူက
စကားနဲ့ရော အပြုအမူနဲ့ပါ စော်ကားတာမျိုးကို
မြင်လိုက်ရတာမို့ တွေးလေ ဒေါသထွက်လေ
ဖြစ်နေရှာမှာပေါ့..

" Hyung..စိတ်လျှော့လိုက်ပါ..ကျွန်တော်
လည်း ဘာမှမဖြစ်တော့တာပဲကို "

တိတ်ဆိတ်နေပေမယ့် ဒေါသအခိုးအငွေ့တွေ
တင်းကျပ်နေတာကို Seungri ခံစားမိနေ
တယ် ပထမဆုံးအကြိမ်အနေနဲ့ Jiyong ကို
ကြောက်တ့ဲစိတ်ဝင်လာတယ်..ရှူးရှူးဒိုင်းဒိုင်းနဲ့အော်ဟစ်ဆဲဆိုပြီး သောင်းကျန်းရင်တောင် စိတ်ပြေရင်ပြီးသွားမှာ..အခုကျတော့..

Jiyong က သောင်းကျန်းပြတာထက် ဖွဲမီးလို
ကျိတ်ပြီး တမြေ့မြေ့လောင်ကျွမ်းတတ်တ့ဲ ပုံစံ
မျိုးကြောင့် အထဲမှာ ဘယ်လိုတွေခံစားနေရ
တယ်ဆိုတာလည်း ခန့်မှန်းလို့ကမရပြန်..

Monster In Me (Completed)Where stories live. Discover now