Monster In Me
Part 26အကုန်လုံးက Jiyong ရဲ့ဆုံးဖြတ်ချက်ကို ငြိမ်
ပြီးစောင့်နေကြတယ် Seungriမှန်ပါတယ်လို့
ပြောလိုက်ရင် မန်နေဂျာချုပ်ကြီးက အကုန်လုံး
ရှေ့မှာ မျက်နှာပျက်ရဦးမယ်..Seungri မှားပါ
တယ်ဆိုပြီး ပြောလိုက်ပြန်ရင်လည်း ...
အင်း..ဆက်တောင်မတွေးရဲ..အဓိက ဦးတည်တာက သူပဲဖြစ်နေတာမို့
ကြားနေဝါဒကို လက်ကိုင်ထားပြီး.." အင်း..ဒီကိစ္စ အကုန်နားလည်မှုလွဲကြတာပါ
ကျွန်တော့အတွင်းရေးမှူးကိစ္စကို ကျွန်တော့
ဘာသာပဲ ဖြေရှင်းလိုက်ပါ့မယ် မန်နေဂျာချုပ်
လည်း အစည်းအဝေးဆက်လုပ်လိုက်ပါ..ဟို..
Seungri ခဏလောက် ရုံးခန်းမှာစကားပြော
လို့ရမလား "" အခုလည်း ရုံးခန်းထဲမှာပြောနေတာပဲလေ "
" မဟုတ်ဘူးလေ..ငါ့ ရုံးခန်းကိုပြောတာ "
" မအားသေးဘူးလေ..အစည်းအဝေးလုပ်ရဦး
မှာ..မန်နေဂျာချုပ်စောင့်နေတာမမြင်ဘူးလား "Jiyong အကြည့်တွေက မန်နေဂျာချုပ်ဆိုတ့ဲလူဆီရောက်သွားပြီး အသနားခံမိသယောင်..
ဟိုလူကလည်း အရိပ်ပြ အကောင်မြင်ပုံပါပဲ.." ဟို..အစည်းအဝေးကို နောက် ၁နာရီနောက်
ဆုတ်လိုက်ပါတယ် ဒုဥက္ကဌနဲ့လိုက်သွားလိုက်
ပါ..Seungri shi.."Jiyong လည်း မချိပြုံးလေးပြုံးပြလိုက်ပြီး ရပ်
နေရာကနေ ခြေလှမ်းရွေ့လိုက်တယ်..
Seungri ကတော့ နောက်ကထပ်ချပ်မကွာ..သူ့ရုံးခန်းထဲရောက်တော့ Jiyong က ခုံမှာဝင်
ထိုင်တယ်..သူခိုး လူမိတ့ဲရုပ်ကလေးနဲ့.." Seungri..."
Seungri က ဟန်ပါပါနဲ့ စားပွဲပေါ် ဖင်တခြမ်း
တင်ထိုင်လိုက်ပြီး လက်ပိုက်လိုက်တယ်..ဘာ
ပြောချင်သေးလဲဆိုတ့ဲ ပုံစံနဲ့ မေးငေါ့ပြတယ်.." အင်း..ပြောပါဦး "
" ဟို..အတွင်းရေးမှူးကလေ ကိုကို့ကို Appa
က ခန့်ထားလို့ပြောလို့ပါ..ပြီးတော့ အလုပ်က
လည်း မနိုင်ဘူးလေ..အစက ကလေးကိုခန့်
မလို့ပါ..ဒါပေမယ့်လေ..ကလေးကိုလည်း ဟို
ဟိုဒီဒီ တောက်တိုမယ်ရတွေလည်းမခိုင်းရက်
လို့ပါ..နော် "
![](https://img.wattpad.com/cover/193370213-288-k576746.jpg)