Part 32

531 26 7
                                    

Monster In Me
Part 32

သက်သာနေပေမယ့် အကဲပိုနေတဲ့ Jiyong
က Seungri ကို အလုပ်သွားခွင့်မပြု..စံအိမ်ထဲမှာပဲ လိုလေသေးမရှိထားထားပြီး ပိုးလိုဥနေနေတော့တာ..

Seungri အကြီးအကျယ်အသည်းတွေကွဲပြီး
သတ်သေမယ့်တဲ့ပုံတွေလုပ်ပြထားတော့
Jiyong လည်း အလုပ်သာသွားတာ ဘယ်သူ
နဲ့မှကိုတရင်းတနှီးမနေမိအောင်သတိထားနေ
ရတယ်..နောက်ဆုံး Jin Woo နဲ့တောင် လို
တာလောက်ပဲပြောပြီး ခပ်တည်တည်နဲ့နေရ
တာပေါ့

တလောကလုံးနဲ့တယောက်ဖြစ်ပါစေ
Seungri စိတ်မကောက်ရင်ပြီးရောဆိုသလို..

၃ ရက်ရှိပြီ..Seungriတကယ်ပဲပျင်းလာတယ်
ဘာမှမဖြစ်တော့ပါဘူး သူလမ်းလျှောက်နိုင်ပါ
ပြီ အလုပ်လုပ်နိုင်ပါပြီပြောလည်း Jiyong က
စိုးရိမ်ကြီးစွာပင်ခြံထဲတောင်ပေးမဆင်းခဲ့ဘူး..
လူကောင်းပကတိကြီးကို လူမမာလိုပြုစုနေတဲ့
Jiyong ကိုကြည့်ရင်း Seungri နားမလည်..
အဲ့လောက်လုပ်စရာလိုလို့လားပေါ့..အရင်က
လည်း ဂရုစိုက်ပေမယ့် အခုကပိုဆိုးနေတယ်
ဘယ်ကကိုပေးမထွက် စားချင်တာတောင် သူ
ပဲထွက်ဝယ်ပေးပြီး Seungri ကိုခြေတလှမ်းမှ
ခြံအပြင်အရောက်မခံဘူးလေ..

Jiyong လုပ်နေတဲ့ပုံစံတွေက ဟိုးငယ်ငယ်
ကလေးဘဝတုန်းကလုပ်ခဲ့သလိုမျိုးတွေလိုချင်
တဲ့အရုပ်ကိုအခန်းထဲထည့်ထားပြီး Seungri
သူ့အခန်းထဲကနေ ထွက်မသွားအောင်လုပ်ခဲ့သလိုမျိုးပေါ့..Jiyong က ချစ်တဲ့သူအပေါ်မှာထားတဲ့စိတ်ကအရမ်းရိုးရှင်းတယ် အလိုလိုက်
အကြိုက်ဆောင်တာနဲ့ပဲ သူ့အနား Seungri
အမြဲရှိနေမယ်လို့ထင်နေတဲ့ပုံပဲ...တနည်း..ဒါ
Seungri အသည်းကွဲလို့ ချော့နေတဲ့သဘော
ပေါ့..သူ့နည်းသူ့ဟန်လေးနဲ့ချစ်ပြနေတာလေး
က တကယ်စိတ်ထဲမှာ ကြည်နူးရတယ်...

Seungri စိတ်ထဲမှာလည်း ငယ်ငယ်တုန်းက
သူ ပြန်သွားမှာစိုးလို့ အခန်းထဲထည့်ပိတ်ထား
ခဲ့တဲ့ Jiyong ရဲ့ခံစားချက်တွေကို ကွက်ကွက်
ကွင်းကွင်းမြင်နေရသလိုပဲ..အရင်ကတော့
Jiyong အဲ့လိုလုပ်ခဲ့တာကို အတ္တကြီးတယ်
တကိုယ်ကောင်းဆန်တယ်ဆိုပြီး မုန်းတီးခဲ့ပေ
မယ့်..လူတယောက်ကိုချစ်ရင် ဒီလိုတွေဖြစ်
တတ်ပါလားလို့တွေးမိလာတယ်..တကယ်ပဲ
သူကိုယ်တိုင်တောင် Jiyongကိုသဝန်ကြောင်
မိနေသေးတာပဲမလား..

Monster In Me (Completed)Where stories live. Discover now