Monster In Me
Part 39လွမ်းရတိုင်းသာ ငိုရမယ်ဆိုရင်လေ..
ကျွန်တော့မျက်လုံးတွေလည်း ပေါက်ကွဲထွက်
ကုန်တော့မယ် ထင်ပါရဲ့..ညတိုင်း အတူတူအိပ်နေကျ ကုတင်လေးပေါ်
က ကိုကို့အငွေ့အသက်လေးတွေ ကိုကို့ကိုယ်
သင်းရနံ့လေးတွေ ပျောက်ကွယ်သွားမှာစိုး
လွန်းလို့ အိပ်ရာခင်းတောင် မလဲပဲ ဒီအတိုင်းပဲ
အိပ်မိနေတယ်ကိုကိုရေ..ကျွန်တော် သိပါပြီ..ကိုကိုမရှိပဲမနေ
နိုင်တာကျွန်တော်သိပြီမို့ဒီ့ထက်ပိုပြီးမနှိပ်စက်
ပါနဲ့တော့လားဟင် ပြန်လာခဲ့ပေးပါလားဟင်..Seungri ကုတင်ပေါ်မှာလှဲပြီး Jiyong အိပ်
နေကျ ခေါင်းအုံးလေးကို ရင်ခွင်ထဲထည့်ဖက်
ထားတယ်..ခေါင်းအုံးလေးမှာလည်း မျက်ရည်
တွေရွှဲနစ်လို့ပေါ့..ရင်ထဲက တမ်းတသံတွေကို ကိုကိုတယောက်
ကြားသိပါစေ..နှစ်ကိုယ့်တစိတ် အတူတူနေခဲ့
ကြတဲ့အချိန်တွေကို ကိုကို ပြန်သတိရပါစေ..
ကိုကို ဘယ်ကိုပဲသွားသွား..ဘယ်နေရာမှာပဲရှိ
ရှိ အဆင်ပြေပြေနဲ့ ကျန်းကျန်းမာမာရှိနေပါစေ
လို့ ဆုတောင်းပေးနေတဲ့ ကျွန်တော်ရှိနေတာ
ကို ကိုကို မမေ့ပါစေနဲ့..ကိုကိုရယ်..ကျွန်တော် သိသိချင်းမယုံနိုင်ခဲ့ဘူး
ကျွန်တော့အပေါ် ကိုကို ဒီလိုလုပ်မှာမဟုတ်ပါ
ဘူးလို့ ထပ်ခါ ထပ်ခါ ငြင်းနေခဲ့တာ..ကိုကို့ကို
ကျွန်တော့ကို ကျွန်တော်ထက်ယုံကြည်ခဲ့တာကိုကိုမို့ ကျွန်တော့အပေါ် လုပ်ရက်တယ်နော်
ကျွန်တော့ကို ထားခဲ့ရက်တယ်..ကျွန်တော့မှာ
ဘာအပြစ်ရှိလို့လဲဟင်..ကျွန်တော်ဆိုးလို့လား
ကိုကို ဆွဲပေးထားတဲ့ ပုံတူပန်းချီကားလေးကို
ဖျက်စီးမိလို့လား..ပြောသွားပါဦး..ကိုကိုထားခဲ့
နိုင်လောက်တဲ့အကြောင်းအရင်းကိုပြောခဲ့ပေး
ပါဦး..ကိုကို တခုခုကိုမုန်းသွားလို့ထွက်သွားရ
တယ်ဆိုမှ ကျွန်တော်လည်းနေသာထိုင်သာရှိ
မှာပေါ့ ကျွန်တော့ကိုသနားညှာတာပေးပါဦး..ကိုကိုကတော့ ဒီတိုင်းကြီး အစိမ်းသက်သက်
ကျွန်တော့ရင်ကိုခွဲပြီး ထွက်သွားနိုင်ပေမယ့်
ကျွန်တော်ကတော့ ကိုကို့ကိုမမုန်းပါဘူး..မုန်း
လို့မရပါဘူး ကိုကိုရယ်..ကိုကို ပြန်လာမယ့်
အချိန်ကို စောင့်နေတယ်..တကယ်လို့ ကိုကို
ဟိုမှာ နေရတာမပျော်တော့ရင် ကျွန်တော့ဆီ
အချိန်မရွေးပြန်လာပါနော်ကျွန်တော့ရင်ခွင်က
ကိုကို့တယောက်တည်းအတွက်ပါပဲ..
![](https://img.wattpad.com/cover/193370213-288-k576746.jpg)