Monster In Me
Part 9~ ဒီကောင့်ကြောင့် ငါ့မိဘတွေနဲ့ရှင်ကွဲ ကွဲခဲ့ရ
ပြီးစုတ်တိစုတ်ပြတ်ဘဝမှာနေခဲ့ရတယ်..ငါ့ကို
ရအောင်ပြန်ရှာပေးတယ်ဆိုပြီး ငါ့မှာတော့
ကျေးဇူးတွေတင်လိုက်ရတာ အစကတည်းက
ဒီကိစ္စကို အစပြုခဲ့တာလည်း ဒီကောင်ဖြစ်နေ
တာပဲကိုး..အခု ငါ့မိဘတွေလည်း သေပြီ..ငါ
ပြန်လာတာတောင် ပြန်တွေ့ခွင့်မရှိတော့ဘူး
သေကွဲ ကွဲရပြန်တယ်..အားလုံး ဒင်းကြောင့်..
သေသင့်တဲ့ကောင်
ငါ့ဘဝကိုဖျက်စီးတဲ့ကောင်မင်းကတော့ မင်းမိဘတွေရဲ့ကြွယ်ဝချမ်းသာမှု
တွေအောက်မှာ ဇိမ်နဲ့အဆင်ပြေပြေနေခဲ့ရပေ
မယ့် ငါ့မှာတော့ နပ်မမှန်တဲ့ထမင်းနဲ့ဟင်း..
မုန့်တောင်ဝယ်မစားနိုင်ခဲ့ဘူး..မင်းက ကြိုက်တဲ့တက္ကသိုလ်ကိုရွေးတက်နိုင်
တဲ့အချိန်မှာ ငါကတော့ အထက်တန်းကျောင်း
အောင်ရင်ပြီးပြီဆိုပြီး ဆက်မလျှောက်ဖြစ်ခဲ့တဲ့
ပညာရေးတပိုင်းတစနဲ့...အကုန်လုံး မင်းကြောင့်..ငါ့ကို ဒ်ီအခန်းထဲ
ထည့်ပိတ်ခဲ့တဲ့ မင်း..ဘာ ညီမလေးလဲ..မင်း
လို အတ္တသမားကြောင့် ငါ့မိသားစု ငါ့ဘဝကြီး
တခုလုံး ပြိုလဲပျက်စီးခဲ့ရပြီ..တောက်.....မင်းကိုဒီတိုင်းထားမယ်မထင်နဲ့
Kwon Jiyong မင်းဘဝကိုငါ့လက်ထဲမှာတင်
ရိုက်ချိုးပစ်မယ်တံခါးခေါက်သံကြားလိုက်လို့ မျက်ရည်တွေကို
အမြန်သုတ်လိုက်ပြီးဗီရိုတံခါးကိုလည်းသေချာ
ပြန်ပိတ်လိုက်တယ်..ပြီးတာနဲ့ ကုတင်ပေါ်မှာ
လှဲချလိုက်ရင်းအိပ်ချင်ယောင်ဆောင်နေလိုက်
တော့တယ်..ဝင်လာတဲ့သူက Jiyong..
Seungri အိပ်နေတယ်အထင်နဲ့ ကုတင်ဘေး
မှာ အသာလေးဝင်ထိုင်လိုက်ပြီး Seungri
နဖူးလေးကို လာစမ်းတယ်..လက်ကလေးကို
ကိုင်ထားလိုက်ရင်း..သက်ပြင်းချလိုက်တဲ့အသံ" Seungri..အခု Hyung နားမှာပဲနေပါတော့
ဘယ်မှမသွားနဲ့တော့.."Seungri စိတ်ထဲမှာတော့ ချက်ချင်းထပြီး
လည်မြိုညှစ်သတ်ပစ်ချင်နေတဲ့စိတ်တွေကို
မနည်းကိုချုပ်တည်းထားနေရတယ်..~ စိတ်ထိန်းထား Seungri..စိတ်လိုက်မာန်ပါ
တွေမလုပ်ချင်စမ်းနဲ့..
