Monster In Me
Part 21Jiyong တယောက် ကုမ္ပဏီကိုရောက်ရင်ကို
ဘယ်သူ့ကိုမှ အရောတဝင်မနေတဲ့အထိဖြစ်
သွားပြီးလိုက်လာရင်လည်းSeungri ဘေးမှာ
ပဲထိုင်နေတတ်တော့တာ..ဘယ်သူနဲ့မှလည်း သိပ်စကားမပြောတော့ပဲ
ဘာဖြစ်ဖြစ် တော်ရုံတန်ရုံ မမြင်ချင်ယောင်..
မကြားချင်ယောင်သာဆောင်နေမိပြီး အရေး
တကြီးကိစ္စတွေကိုတောင်အကြံပေးရုံတင်ပေး
တော့တယ်..Seungri ဆုံးဖြတ်သမျှတွေကိုသာ အားတက်
သရောထောက်ခံပေးနေရင်းအချစ်တော်လေး
ရွှေစိတ်တော်မညိုအောင် ကာကွယ်နေရရှာ
တာပေါ့..တရုံးတည်း အတူတူလုပ်နေတဲ့သူတွေခမျာ
မှာလည်း အချစ်တော်လေး Lee တယောက်နဲ့
တောင် တနေ့မိုးကြိုး တနေ့မုန်တိုင်းဖြစ်နေတဲ့
ကြားထဲ သခင်လေး Kwonကပါ နေ့ညမပျက်
စောင့်ကြပ်နေတော့ အသက်တောင်ရဲရဲမရူရဲ
ကြရှာဘူး..အခုတလော..Lee Seungri နှင့်အနီးတဝိုက်
ရာသီဥတုအခြေအနေမကောင်းကြောင်း
တယောက်စကား တယောက်ပါးနေကြတယ်
ဘာဖြစ်လို့ပါလိမ့်..Lee Seungriဆိုသည်မှာအလုပ်နဲ့ပတ်သတ်
ပြီး စေ့စေ့စပ်စပ်တိတိကျကျလုပ်တတ်တာမို့
တခြားသူ အမှားလုပ်ရင်လည်း သည်းမခံ..
စိတ်လိုက်မာန်ပါ ဆုံးဖြတ်တတ်ပေမယ့်..ပုံမှန်
အချိန်ဆိုရင်တော့ ရင်းရင်းနှီးနှီး အပြုံးလေးနဲ့
ဖော်ဖော်ရွှေရွှေဆက်ဆံတတ်တဲ့ အချစ်တော်
လေးမလား..ဘာလို့များ မျက်မှောင်တော်ကြုတ်ပြီး နှုတ်ခမ်း
တော်လေး မသိမသာစူနေတဲ့အထိ စိတ်အလို
မကျဖြစ်နေမှန်း ဘယ်သူမှမသိကြဘူး..ဘယ်အချိန်မှာ မကြည်မလင်ဖြစ်တတ်သလဲ
ဆိုရင် သခင်လေး Kwon နဲ့အလုပ်တူတူလာ
တဲ့အချိန်တို့ နေ့လည်စာထွက်စားတဲ့အချိန်တို့
ရုံးဆင်းတဲ့အချိန်တို့မှာ..ခပ်ငယ်ငယ်ချောချော
မိန်းကလေး ယောကျာ်းလေး ဝန်ထမ်းများက
အပြုံးနုနုလေးတွေနဲ့ လာနှုတ်ဆက်ရင် သူ
မကြိုက်တော့..သခင်လေး Kwon က လိုတာ
ထက် ပိုရင်းရင်းနှီးနှီးစကားပြောမိရင် အဲ့နေ့
တနေလုံးမျက်နှာထားတည်နေတတ်တော့တာဘယ်သူရိပ်မှာလဲ..ဘေးမှာ တချိန်လုံးရှိနေတဲ့
Jiyongတောင် Seungriရင်ထဲကသဝန်တိုမှု
အစိုင်အခဲတွေကို တခါတရံနားမလည်..
Seungri တောင် သူ့ကိုယ်သူ မသိတော့တဲ့
အခြေအနေအထိ Jiyong အပေါ် တယူသန်
မှုတွေ အားကောင်းနေပြီလေ..