Part 16

462 37 5
                                    

Monster In Me
Part 16

Jiyongတယောက် အိတ်ထဲကပစ္စည်းတွေကို
ထုတ်ပြီး သူ့အမေဖို့..Dara ဖို့..သူ့အဖေဖို့..
Top Hyung ဖို့ဆိုပြီးခွဲနေတော့ အခန်းထဲမှာ
ရှုပ်ပွနေတာပေါ့..

အဲ့အချိန်မှာပဲ Seungri အလုပ်က ပြန်လာပြီး
Jiyong အခန်းထဲကို အပြေးကလေးဝင်သွား
တယ်..

" Jiyong Hyung..."

" အင်း..ပြန်လာပြီလား "

" ဟုတ်..ကျွန်တော့အတွက် ဘာဝယ်ခဲ့လဲ "

" ဝယ်ခဲ့တယ်..ဒါနဲ့ မင်းက ကိုယ့်အခန်းကို
မသုံးပဲနဲ့ ဘာလို့ ငါ့အခန်းကိုသုံးနေတာလဲ "

" အမ်..ဟိုဟာ..Hyung အခန်းမှာ ပိုပြီး
သက်တောင့်သက်သာ ဖြစ်လို့ပါ..တကယ်လို့
Hyungအဆင်မပြေရင်ကျွန်တော်ပြောင်းပေး
ရမလား "

" အင်း..ပြောင်းလိုက်လေ..မင်းလည်း အရွယ်
ကြီးလာပြီပဲ  ကိုယ့်အခန်းနဲ့ကိုယ်နေတော့ "

" ဟုတ်..."

" ဒီနေ့တော့ ထားပါ..မနက်ဖြန်တော့ပြောင်း
လိုက် "

~ Kwon Jiyong..ငါ သူ့ဆီ မဆက်သွယ်လို့
တကယ်စိတ်နာသွားပြီနေမှာ အရင်ကတခန်း
တည်းအတူတူနေခဲ့တာတောင် ခုကျ အခန်း
ပြောင်းတဲ့လား..မုန်းလိုက်တာ..ပြောင်းဆိုမှ
တော့ပြောင်းရုံပေါ့..ဘယ်သူကအသေကောင်
လိုမျက်နှာနဲ့ အေးစက်စက်လုပ်နေတဲ့သူရဲ့
အခန်းထဲမှာနေချင်မှာမို့လို့လဲ..ဟွင်း..

" ရပါတယ်..အခုပဲ ပြောင်းလိုက်ပါ့မယ်.."

Seungri ဘောက်ဆတ်ဆတ်ပြောလိုက်ပြီး
သူ ပစ္စည်းတွေ အသုံးအဆောင်တွေကိုရွေ့နေ
တယ်..အခန်းထဲတခါဝင်လာလိုက် Jiyong
ကို မဲ့ရွဲ့ပြသွားလိုက်..ပစ္စည်းသယ်သွားလိုက်..
ပြန်ထွက်သွားလိုက်နဲ့..၉ခါ ၁၀ခါထက်မနည်း
လုပ်နေတာတောင် Jiyong က တချက်မော့
မကြည့်ဘူး..

နောက်ဆုံးတခေါက် သယ်ဖို့ဝင်လာတဲ့
Seungriမှာသူ့အိပ်ရာခင်းတွေ ခေါင်းအုံးတွေ
ကို ပွေ့ပြီးအထမှာပဲ Jiyong ချထားတဲ့အိတ်
တွေနဲ့ ခလုတ်တိုက်မိပြီး ဝုန်းကနဲ ပစ်လဲကျ
သွားတော့တယ်..

ရေခဲစိုင်လို အေးစက်တောင့်ခဲနေတဲ့ Jiyong
မှာ..အိပ်ရာခင်းတွေနဲ့ လုံးထွေးပြီးမထနိုင်ဖြစ်
နေတဲ့ Seungri အနားကို လေအဟုန်နဲ့
ရောက်သွားပြီး..

Monster In Me (Completed)Where stories live. Discover now