Monster In Me
Part 2ဒိုင်ယာရီစာအုပ်ဆိုပေမယ့် စာတလုံးမှမပါဘူး
ခဲပန်းချီပုံလေးတွေဆွဲထားတာ...ပထမဆုံး စာမျက်နှာမှာ မိသားစုပုံလေး..
သူ့အဖေရယ် သူ့အမေရယ် သူ့အမရယ် သူ..
တော်တော်ငယ်သေးတ့ဲအရွယ်ပုံလေးတွေပဲ..Seungri တရွက်ချင်း လှန်ကြည့်လာတယ်
ပုံထဲက Jiyong က တဖြည်းဖြည်းကြီးလာ
တာနဲ့အမျှ အရယ်အပြုံးသိပ်မပါသလို..~ အင်း..သူ့အဖေနဲ့အမေ အိမ်ထောင်ရေး
အဆင်မပြေတ့ဲပုံပဲ..ကွာရှင်းထားတယ်တ့ဲ
သူလည်း ဘယ်စိတ်ချမ်းသာပါ့မလဲ..ဒါပေမယ့်
သူကမှ တော်ပါသေးတယ်..အတူတူမနေရ
ပေမယ့် အဖေနဲ့အမေကိုတွေ့လို့ရတယ်..ငါဆို
တွေ့ချင်လို့တောင်မတွေ့ရတော့ဘူး..Seungri မျက်နှာလေးညှိုးသွားပြီးပုံလေးတွေ
ကိုလိုက်ကြည့်နေမိတယ်..သူ့အဖေပုံ သူ့အမေပုံ သူ့အမပုံတွေကို မျိုးစုံဆွဲ
ထားတာ..တနေရာရောက်တော့..
ကလေးလေးနှစ်ယောက်ပုံ..လက်တွဲပြီးပြေး
နေကြတာ..တယောက်ကတော့ Jiyong..
နောက်တယောက်က ဂါဝန်လေးနဲ့..~ အံမယ်..အံမယ် ကောင်မလေးနဲ့ပုံပါ့လား
ဧကန္တ ဒီကောင့်ငယ်ချစ်ဦးနေမှာ..ဟိဟိနောက်တပုံကကျ ကောင်မလေးရယ် သူ့အမ
ရယ် သူရယ်..၃ ယောက်သားပုံတွေ..~ ဒီကောင် ငယ်ငယ်တုန်းကတော့ ပျော်ပျော်
နေတတ်ခ့ဲတယ်နေမယ်..ဒီကောင်မလေးနဲ့ပုံ
တွေကျ ပြုံးနေတာပဲ..ကောင်မလေး မျက်နှာ
လေးက အိအိဖောင်းဖောင်းလေး..ဆံပင်တို
လေးနဲ့..Seungri ဟိုဟိုဒီဒီလျှောက်လှန်နေတုန်း ပုခုံး
ပေါ်ကို လက်တဖက်က အားနဲ့လာဖိတယ်..
လန့်ပြီးမော့ကြည့်တော့..Jiyong
ဒေါသထွက်တာတော့မဟုတ်ပေမယ့် မကြိုက်
တ့ဲပုံစံ..အေးလေ..သူ့ပစ္စည်းတွေ သူများလျှောက်ကိုင်
တာ ဘယ်ကြိုက်ပါ့မလဲ.." မင်း နိုးလာပြီလား..ငါ ပျင်းလို့ဒီတိုင်းကြည့်
တာပါ..ဘာမှမလုပ်ဘူးရယ် "" ငါ့အခန်းထဲက သွားတော့.."
" မင်းကလည်းကွာ..ဒါလေးကြည့်မိတာကို
နှင်ထုတ်စရာမလိုပါဘူး "