Monster In Me
Part 3" Jiyong..."
" ဘာလဲ.."
" ငါ မင်းနဲ့အပြင်လိုက်ခ့ဲလို့ရမလား..အိမ်မှာ
အရမ်းပျင်းနေပြီဘာမှလုပ်စရာလည်းမရှိဘူး "" အရမ်းများပျင်းနေသလား "
" အင်း.. "
" ရော့..အထက်တန်းကျောင်းစာအုပ်တွေ..
မင်း သိပ်အားနေရင် ပြန်ကြည့်နေ..ညနေ ငါ
ပြန်လာရင် စာမေးမယ်.."" ဟာ..မင်းကလည်း ဒါတွေကဘာလုပ်မှာလဲ
ငါ သင်ပြီးသားတွေပဲဟာကို "" မင်း တက္ကသိုလ်ဝင်ခွင့်ဖြေရဦးမှာလေ..မေ့
များမေ့နေပြီလား..ပြောစမ်းပါဦး "" ဖြေတာတော့ ဖြေတာပေါ့ကွာ.."
" လျှာမရှည်နဲ့ စာပြန်ကြည့်နေ..စောစောပြန်
လာခ့ဲမယ်..စာမေးမယ် "Jiyong ပြောပြောဆိုဆိုနဲ့ အခန်းထဲကထွက်
သွားတော့တယ်..Seungri မှာပျင်းပျင်းရှိတာနဲ့ ဟိုစာအုပ်ကြည့်
ဒီစာအုပ်ကြည့်လိုက်..Jiyong မရှိတုန်း သူ့
ကုတင်ပေါ်တက်ခုန်လိုက်..ဗီရိုထဲက အကျႌ
တွေယူဝတ်ကြည့်လိုက်နဲ့လုပ်ချင်တိုင်းကိုလုပ်
နေတော့တာ..သူ့စိတ်တိုင်းကျ တခန်းလုံးဗြောင်းဆန်အောင်
မွှေနှောက်ပြီးမှ အပျင်းပြေသွားသလိုလို..နေ့လည်ကျ ဗိုက်ဆာလာတော့ မီးဖိုချောင်ထဲ
ခြေဦးလှည့်ရတယ်..Top ကသူ့အတွက်ခူးခပ်
ပေးပြီး သူတို့နှစ်ယောက်ထမင်းအတူတူစား
ကြရင်း.." Seungri..စားရတာ အဆင်ပြေလား မင်း
မကြိုက်တာတွေရှိရင်လည်းပြောထားလေ "" ရတယ်..ကျွန်တော်က အကုန်စားတယ်
ဘုရားကျောင်းမှာနေရတာဆိုတော့ဂျေးများနေ
လို့မရဘူးလေ..ကျွေးတာစားပဲ မစားရင်ငတ်
တာ..ဟီး.."" မင်း ငယ်ငယ်တုန်းက အိမ်ကိုခဏခဏလာ
တာ..လာလို့ ငါတို့ကတခုခုကျွေးရင် အရမ်း
ဂျေးများတယ်..ဟိုဟာမစား ဒီဟာမစားနဲ့ "" ဟုတ်လား..ကျွန်တော် ဘာလို့မမှတ်မိတာ
ပါလိမ့် "" မင်းမိဘတွေ ဘယ်လိုဖြစ်ရတာလဲဆိုတာ
ရော မှတ်မိလား "