Part 32 (U)

310 25 0
                                    

Monster In Me
Part 32

သက်သာနေပေမယ့် အကဲပိုနေတ့ဲ Jiyong
က Seungri ကို အလုပ်သွားခွင့်မပြု..စံအိမ်ထဲမှာပဲ လိုလေသေးမရှိထားထားပြီး ပိုးလိုဥနေနေတော့တာ..

Seungri အကြီးအကျယ်အသည်းတွေကွဲပြီး
သတ်သေမယ့်တ့ဲပုံတွေလုပ်ပြထားတော့
Jiyong လည်း အလုပ်သာသွားတာ ဘယ်သူ
နဲ့မှကိုတရင်းတနှီးမနေမိအောင်သတိထားနေ
ရတယ်..နောက်ဆုံး Jin Woo နဲ့တောင် လို
တာလောက်ပဲပြောပြီး ခပ်တည်တည်နဲ့နေရ
တာပေါ့

တလောကလုံးနဲ့တယောက်ဖြစ်ပါစေ
Seungri စိတ်မကောက်ရင်ပြီးရောဆိုသလို..

၃ ရက်ရှိပြီ..Seungriတကယ်ပဲပျင်းလာတယ်
ဘာမှမဖြစ်တော့ပါဘူး သူလမ်းလျှောက်နိုင်ပါ
ပြီ အလုပ်လုပ်နိုင်ပါပြီပြောလည်း Jiyong က
စိုးရိမ်ကြီးစွာပင်ခြံထဲတောင်ပေးမဆင်းခ့ဲဘူး..
လူကောင်းပကတိကြီးကို လူမမာလိုပြုစုနေတ့ဲ
Jiyong ကိုကြည့်ရင်း Seungri နားမလည်..
အ့ဲလောက်လုပ်စရာလိုလို့လားပေါ့..အရင်က
လည်း ဂရုစိုက်ပေမယ့် အခုကပိုဆိုးနေတယ်
ဘယ်ကကိုပေးမထွက် စားချင်တာတောင် သူ
ပဲထွက်ဝယ်ပေးပြီး Seungri ကိုခြေတလှမ်းမှ
ခြံအပြင်အရောက်မခံဘူးလေ..

Jiyong လုပ်နေတ့ဲပုံစံတွေက ဟိုးငယ်ငယ်
ကလေးဘဝတုန်းကလုပ်ခ့ဲသလိုမျိုးတွေလိုချင်
တ့ဲအရုပ်ကိုအခန်းထဲထည့်ထားပြီး Seungri
သူ့အခန်းထဲကနေ ထွက်မသွားအောင်လုပ်ခ့ဲသလိုမျိုးပေါ့..Jiyong က ချစ်တ့ဲသူအပေါ်မှာထားတ့ဲစိတ်ကအရမ်းရိုးရှင်းတယ် အလိုလိုက်
အကြိုက်ဆောင်တာနဲ့ပဲ သူ့အနား Seungri
အမြဲရှိနေမယ်လို့ထင်နေတ့ဲပုံပဲ...တနည်း..ဒါ
Seungri အသည်းကွဲလို့ ချော့နေတ့ဲသဘော
ပေါ့..သူ့နည်းသူ့ဟန်လေးနဲ့ချစ်ပြနေတာလေး
က တကယ်စိတ်ထဲမှာ ကြည်နူးရတယ်...

Seungri စိတ်ထဲမှာလည်း ငယ်ငယ်တုန်းက
သူ ပြန်သွားမှာစိုးလို့ အခန်းထဲထည့်ပိတ်ထား
ခ့ဲတ့ဲ Jiyong ရဲ့ခံစားချက်တွေကို ကွက်ကွက်
ကွင်းကွင်းမြင်နေရသလိုပဲ..အရင်ကတော့
Jiyong အ့ဲလိုလုပ်ခ့ဲတာကို အတ္တကြီးတယ်
တကိုယ်ကောင်းဆန်တယ်ဆိုပြီး မုန်းတီးခ့ဲပေ
မယ့်..လူတယောက်ကိုချစ်ရင် ဒီလိုတွေဖြစ်
တတ်ပါလားလို့တွေးမိလာတယ်..တကယ်ပဲ
သူကိုယ်တိုင်တောင် Jiyongကိုသဝန်ကြောင်
မိနေသေးတာပဲမလား..

Monster In Me (Completed)Where stories live. Discover now