Monster In Me
Part 30Jiyong ရုံးကိုရောက်တော့ Jin Wooက ပြေး
လာပြီးနှုတ်ဆက်တယ်..Seungri ပြောမှပဲ
သတိထားကြည့်မိတော့တယ်..ဖြူဝင်းနေတဲ့
မျက်နှာလေးနဲ့ မျက်လုံးလေးတွေကအစ လှ
တယ်..နှာတံလေးနဲ့ နှုတ်ခမ်းလေးလည်း လှ
တယ်..လှုပ်လိလှုပ်လဲ့ ကိုယ်လုံးလေးကပြေ
ပြစ်တင့်တယ်နေတယ်..လှတယ်ဆိုတဲ့ အသုံး
အနှုန်းက ယောကျာ်းလေးတယောက်နဲ့မသင့်
တော်ပေမယ့် Kim Jin Woo ကတော့
တော်တော်လှတဲ့ယောကျာ်းလေးတယောက်
ပဲဖြစ်တယ်..~ Jin Woo က ဒီလောက်လှနေလို့လည်း ငါ့
ကလေးလေးက ဇွတ်တွေသဝန်တိုနေတာကိုး
ဖြစ်ရလေ..Seungri ရယ်..မင်းရဲ့ တည်ရှိမှု
လောက် ဘယ်အရာမှ ငါ့ရင်မလှုပ်ခတ်စေဘူး
ဆိုတာ သိစေချင်တယ်.Jin Wooက သူ့ကိုပြုံးပြီးကြည့်နေတဲ့ Jiyong
ကြောင့်စိတ်ထဲကျေနပ်သွားတယ်..ကျိတ်ပြီး
Crush နေရတဲ့သူက အမြဲတမ်း ရုပ်တည်ကြီး
နဲ့ ခပ်အေးအေးနေတတ်တာမို့..Jin Woo မှာ
ဘေးကနေပဲ အားမလိုအားမရတွေဖြစ်နေခဲ့
တာလေ..အလုပ်စဝင်တဲ့နေ့ကတည်းက ပြုံး
တာ မမြင်ဖူးခဲ့တာ..အခု ပထမဆုံးအကြိမ် ပြုံး
ပြနေတော့ သာယာကြည်နူးရတဲ့နေ့ရက်လေး
ဖြစ်သွားရတာပေါ့~ သူ ငါ့ကိုသတိထားမိပြီလား..သူ အခု ငါ့ကို
ပြုံးပြရကောင်းမှန်းသိပြီပေါ့လေ.." Hyung..ဘာလို့ပြုံးနေတာလဲ..ကျွန်တော့
မျက်နှာမှာ တခုခုပေနေလို့လားဟင်.. "" အမ်..မဟုတ်ပါဘူး..ဟိုဟာ..မန်နေဂျာချုပ်
ရုံးခန်းထဲကိုသွားပြီး Lee Seungri ဖျားနေလို့
တပတ်လောက်ခွင့်ယူမယ်ဆိုတာ သွားပြော
လိုက်ပါဦး "" ဟုတ်..သွားပြောလိုက်ပါ့မယ်..ဟို Seungri
Hyung က တော်တော်လေး ဖျားနေတာလား
မနေ့ကတွေ့တော့ အကောင်းကြီးပါ "" အင်း..တော်တော်အားပျက်သွားတယ်ထင်
တယ်..ထတောင်မထိုင်နိုင်ဘူး အနားယူမှကို
ရမှာ "" သြော်..Seungri Hyung သနားပါတယ်..
ကျွန်တော် သူ့ရုံးခန်းကို သွားပြောလိုက်မယ်
နော် "" အေး..အေး..တကယ်လို့ သူ့စားပွဲမှာ မပြတ်
သေးတဲ့လုပ်လက်စတွေရှိရင် ဒီကိုယူခဲ့ "" ဟုတ်ကဲ့..Hyung "
Jin Woo အခန်းထဲက ထွက်သွားမှ Jiyong
ရယ်မိတော့တယ်..Seungri မထနိုင်တဲ့
အကြောင်းကိုတွေးမိတိုင်း ကိုယ့်ကိုယ်ကို
အောင်နိုင်သူကြီးတယောက်လိုခံစားမိနေတာ