Monster In Me
Part 9~ ဒီကောင့်ကြောင့် ငါ့မိဘတွေနဲ့ရှင်ကွဲ ကွဲခ့ဲရ
ပြီးစုတ်တိစုတ်ပြတ်ဘဝမှာနေခ့ဲရတယ်..ငါ့ကို
ရအောင်ပြန်ရှာပေးတယ်ဆိုပြီး ငါ့မှာတော့
ကျေးဇူးတွေတင်လိုက်ရတာ အစကတည်းက
ဒီကိစ္စကို အစပြုခ့ဲတာလည်း ဒီကောင်ဖြစ်နေ
တာပဲကိုး..အခု ငါ့မိဘတွေလည်း သေပြီ..ငါ
ပြန်လာတာတောင် ပြန်တွေ့ခွင့်မရှိတော့ဘူး
သေကွဲ ကွဲရပြန်တယ်..အားလုံး ဒင်းကြောင့်..
သေသင့်တ့ဲကောင်
ငါ့ဘဝကိုဖျက်စီးတ့ဲကောင်မင်းကတော့ မင်းမိဘတွေရဲ့ကြွယ်ဝချမ်းသာမှု
တွေအောက်မှာ ဇိမ်နဲ့အဆင်ပြေပြေနေခ့ဲရပေ
မယ့် ငါ့မှာတော့ နပ်မမှန်တ့ဲထမင်းနဲ့ဟင်း..
မုန့်တောင်ဝယ်မစားနိုင်ခ့ဲဘူး..မင်းက ကြိုက်တ့ဲတက္ကသိုလ်ကိုရွေးတက်နိုင်
တ့ဲအချိန်မှာ ငါကတော့ အထက်တန်းကျောင်း
အောင်ရင်ပြီးပြီဆိုပြီး ဆက်မလျှောက်ဖြစ်ခ့ဲတ့ဲ
ပညာရေးတပိုင်းတစနဲ့...အကုန်လုံး မင်းကြောင့်..ငါ့ကို ဒီ်အခန်းထဲ
ထည့်ပိတ်ခ့ဲတ့ဲ မင်း..ဘာ ညီမလေးလဲ..မင်း
လို အတ္တသမားကြောင့် ငါ့မိသားစု ငါ့ဘဝကြီး
တခုလုံး ပြိုလဲပျက်စီးခ့ဲရပြီ..တောက်.....မင်းကိုဒီတိုင်းထားမယ်မထင်နဲ့
Kwon Jiyong မင်းဘဝကိုငါ့လက်ထဲမှာတင်
ရိုက်ချိုးပစ်မယ်တံခါးခေါက်သံကြားလိုက်လို့ မျက်ရည်တွေကို
အမြန်သုတ်လိုက်ပြီးဗီရိုတံခါးကိုလည်းသေချာ
ပြန်ပိတ်လိုက်တယ်..ပြီးတာနဲ့ ကုတင်ပေါ်မှာ
လှဲချလိုက်ရင်းအိပ်ချင်ယောင်ဆောင်နေလိုက်
တော့တယ်..ဝင်လာတ့ဲသူက Jiyong..
Seungri အိပ်နေတယ်အထင်နဲ့ ကုတင်ဘေး
မှာ အသာလေးဝင်ထိုင်လိုက်ပြီး Seungri
နဖူးလေးကို လာစမ်းတယ်..လက်ကလေးကို
ကိုင်ထားလိုက်ရင်း..သက်ပြင်းချလိုက်တ့ဲအသံ" Seungri..အခု Hyung နားမှာပဲနေပါတော့
ဘယ်မှမသွားနဲ့တော့.."Seungri စိတ်ထဲမှာတော့ ချက်ချင်းထပြီး
လည်မြိုညှစ်သတ်ပစ်ချင်နေတ့ဲစိတ်တွေကို
မနည်းကိုချုပ်တည်းထားနေရတယ်..~ စိတ်ထိန်းထား Seungri..စိတ်လိုက်မာန်ပါ
တွေမလုပ်ချင်စမ်းနဲ့..