Monster In Me
Part 13Seungri နိုးလာတာနဲ့ မျက်လုံးမဖွင့်မိသေးပဲ
တကိုယ်လုံး နာကျင်ကိုက်ခဲနေတဲ့ဒဏ်ကို
အရင်ခံစားလိုက်ရတယ်..
မနေ့ကတော်တော်လေးအထိနာတာမို့ မလှုပ်
ချင်လောက်အောင်ပြိုင်းကျနေရော..
ဘေးတစောင်းအိပ်နေရာက ပက်လက်လှန်
လိုက်ပြီး အကြောဆန့်ရင်းညီးလိုက်မိတယ်.." Seungri..." Jiyong ရဲ့ခပ်တိုးတိုးအသံ..
မျက်လုံးဖွင့်ကြည့်တော့ ကြင်ကြင်နာနာစိုက်
ကြည့်နေတဲ့ Jiyong အကြည့်တွေ.." နိုးလာပြီလား.."
" အင်း..မင်း အစောကြီးနိုးနေတာလား "
တကယ်တော့ Jiyong တညလုံးအိပ်မပျော်
တာပါ..နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရှာတဲ့
Seungri ကို ထိုင်ကြည့်နေရင်း မိုးလင်းခဲ့တာ" အင်း နိုးနေတာဆိုပါတော့..ဘယ်လိုလဲ မင်း
ထနိုင်ရဲ့လား.."" ရပါတယ်..အရိုက်ခံရတဲ့ဒဏ်တွေကြောင့်မို့
ညောင်းကိုက်နေတာကလွဲရင်ဘာမှသိပ်မဖြစ်
လိုက်ပါဘူး "" ဒီနေ့တော့ အိမ်မှာပဲနားလိုက်တော့..မျက်နှာ
သွားသစ်လိုက်ဦး..မနက်စာယူလာပေးမယ် "" ရပါတယ်..ငါ့ဘာသာငါထွက်စားပါ့မယ် "
" ငြိမ်ငြိမ်နေပါ..ငါ သွားယူလိုက်မယ် "
Jiyong ပြောပြီးတာနဲ့ အခန်းအပြင်ကိုထွက်
သွားတော့တယ်..Seungri လည်း မျက်နှာသစ်သွားတိုက်ပြီး
ကုတင်ပေါ်မှာ ငုတ်တုတ်လေးထိုင်စောင့်နေ
တုန်း..Jiyong လက်ထဲမှာ ဗန်းနဲ့ပြန်ဝင်လာ
တယ်..ယူလာပေးတဲ့ ကော်ဖီနဲ့ပေါင်မုန့်ထောပတ်
သုတ်ကိုစားနေရင်း.." မင်းရော..ရင်ဘတ်က သက်သာရဲ့လား "
" သက်သာပါတယ်..ပစ်လိုက်တဲ့ အရှိန်များလို့
နေမယ်..အောင့်နေတုန်းပဲ.. နည်းနည်းတော့
အညိုအမဲစွဲသွားတယ်ထင်တယ် "" ပြပါဦး.."
Jiyong အင်္ကျီကြယ်သီးတွေ.တလုံးချင်းချွတ်
နေတာကို ကော်ဖီသောက်ရင်း တစိမ့်စိမ့်ထိုင်
ကြည့်မိနေတဲ့ Seungri မှာ ကိုယ့်ကိုယ်ကို
မယုံနိုင်လောက်အောင်ဖြစ်သွားပြီး ရှက်ရှက်နဲ့
မျက်နှာလွှဲလိုက်ရပြန်တယ်..