Zawgyi
"ဟိုလူ ခင်ဗျား အထဲမှာ ရှိသေးလား.....''
ရှေ့ဆက်တိုးဖို့အတွက် ခြေလှမ်းများက တုန့်သွားသည်။
ဒီလူမရှိတော့ဘူးလား....ဒဏ်ရာသက်သာလို့ ထွက်သွားပြီး ထင်ပါတယ်။
မရှိတော့ဘူး ထင်လိုက်ပေမယ့် ရှောင်းကျန့် အသံလေးတော့ ပေးလိုက်သေးသည်။
အပြင်မှာ မိုးတွေရွာနေသဖြင့် ရှောင်းကျန့် တစ်ကိုယ်လုံးလည်း စိုနေပြီ ဖြစ်ရာ....
"ခင်ဗျား မရှိတော့ဘူး ဆိုရင်လည်း.....''
စကားမဆုံးခင် လက်ကောက်ဝတ် တစ်ဖက်ကို ဆုပ်ကိုင်လိုက်ခြင်း ခံရကာ....
"ခေါင်းနည်းနည်းငုံ့.....''
"ဟင်! ခင်ဗျားရှိသေးတယ်....''
သူက ဘားမှ ပြန်မဖြေ။
ရှောင်းကျန့် မှာသာ သူဆွဲခေါ်ရာနောက်ကို တောက်လျှောက် ပါသွားလေသည်။
"ခင်...ခင်ဗျား ဘာလုပ်တာလဲ..... လွှတ်...လွှတ်အုံး.....''
"အား....''
ရှောင်းကျန့် ရုန်းနေရင်းမှ သူ့ဆီက ညည်းသံသဲ့သဲ့ ထွက်လာတော့မှ.....
"ခင်ဗျား ဘာဖြစ်သွားတာလဲ..... ''
"ဒဏ်ရာက မသက်သာလို့.....''
"ညက အိပ်လို့ရရဲ့လား....''
"မရဘူး ဒဏ်ရာက သွေးကျပြီး တစ်ညလုံး နာနေတာ.....''
သူ့အပြောကြောင့် ရှောင်းကျန့် ရဲ့ မျက်နှာနုနုလေးမှာ စိတ်မကောင်းရိပ်များ အထင်းသား ပေါ်သွားသည်။
"ခင်ဗျား မိုးအေးတော့ ပိုနာမှာပေါ့.....ဒုက္ခပါဘဲ ကျွန်တော်ကလည်း လုပ်ပေးချင်ပေမယ့် ဘာကိုမှ သေသေချာချာ မမြင်ရဘူး....''
ကောင်လေး ထံမှ ဂရုဏာ သံလေးထွက်လာတော့ မျက်တောင် တဖျက်ဖျက်ခတ်နေသည့် မျက်ဝန်းလေးတွေကို သူစိုက်ကြည့်မိသည်။
မျက်တောင်လေးတွေက ခပ်ရှည်ရှည် ဖြစ်ပြီး မျက်ဆံလေးတွေက အညိုရောင်ဖြစ်ကာ ဝိုင်းစက်နေသည်။
စကားပြောလိုက်တိုင် နီရဲနေသည့် နှုတ်ခမ်းပါးလေးက လုံးလုံး စုစုထွေးထွေးလေး ဖြစ်သွားပြီး ခပ်ချွန်ချွန်လေးဖြစ်သွားတတ်သည်။