Honey Trap Ep 8

9.7K 972 28
                                    

Zawgyi

"ကျစ်​!....."

ခပ်​နွဲ့နွဲ့လာချိတ်​တဲ့ လက်​တစ်​စုံ​ကြောင့်​ အလိုမကျမှုက မျက်​နှာမှာအထင်းသား....

"ဘာဖြစ်​လို့လဲ ဒါလင်​ တို့နဲ့အခုလို လိုက်​​ပေးရတာအဆင်​မ​ပြေဘူးလား......''

စိတ်​ပျက်​သလို ခပ်​စူးစူးတစ်​ချက်​ကြည့်​လိုက်​ရင်း တွဲထားတဲ့ လက်​ကို ​စောင့်​ရုန်းလိုက်​ကာ.....

"မင်း အ​ခေါ်အ​ဝေါ်ကိုအရင်​ပြင်​.....''

"အဟင်း....ဒါလင်​လို့​ခေါ်တာ မကြိုက်​ဘူးလား....တို့က​တော့ ကြိုက်​တယ်​......''

အရှက်​ကိုမရှိဘူး။

"ကျစ်​!!..."

ဝမ်​ရိ​ပေါ်တကယ်​ပင်​ စိတ်​ပျက်​သွားသည်​။

စိတ်​ထဲက​နေ လု​ဖေးဆိုတဲ့​ကောင်​ကိုသာ ပြစ်​ပြစ်​နှစ်​နှစ်​ဆဲပစ်​လိုက်​သည်​။

ခွေး​ကောင်​ လု​ဖေး!!

လုပ်​ငန်းသစ်​စာချုပ်​ချုပ်​ဖို့အ​ကြောင်းပြပြီး ထိုမိန်းမကို သူ့လက်​ထဲထိုးထည့်​ခဲ့တဲ့ ​ခွေး​ကောင်​....

စိတ်​ကမကြည်​.....

မှုန်​ကုတ်​ကုတ်​မျက်​နှာထားနှင့်​ ကုန်​တိုက်​အပြင်​ဘက်​ကို တစ်​ချက်​အကြည့်​.....

"ဟင်​!!...."

ရင်​ထဲ ဒိန်​ခနဲ.....

အဖြူ​ရောင်​ပုံရိပ်​က​လေး။

မ​ပြောင်းလဲဘူး ရိုးရှင်းတယ်​ ဖြူစင်​တယ်​။

ဝါဂွမ်းဖြူလေး။

သူအတန်​ကြာ ​ကြောင်​အစွာ​ငေးကြည့်​​နေမိတယ်​။

ကြည့်​​နေရင်းမှ သူ့မျက်​ဝန်း​တွေက အ​ရောင်​​ပြောင်းသွားတယ်​။

ဘယ်​ဘက်​ရင်​အုံက ဘာ​ကြောင့်​လဲမသိ တစစ်​စစ်​နဲ့။

နာလိုက်​တာ။

သူ့ဝါဂွမ်းဖြူ​လေးက တစ်​​ယောက်​ထဲမဟုတ်​ဘူး။

လူတစ်​​ယောက်​ရဲ့ လက်​​မောင်းကို က​လေးတစ်​​ယောက်​လို ချွဲနွဲ့မှီတွဲပြီး ထိုလူ့ကို အဖြူစင်​ဆုံးပြုံးပြ​နေတာ။

Honey TrapTempat cerita menjadi hidup. Temukan sekarang