Zawgyi
လိုင်းကားပေါ်ကဆင်းကတည်းက ပါးစပ်ကိုသူ့လက်ဝါးနုနုလေးတွေနှင့်ကာကာ ရစ်တော်မူလေးက အူလှိုက်သည်းလှိုက်ရယ်လို့မဆုံး၊ ကားမှတ်တိုင်မှာ စောင့်နေကြတဲ့လူတွေကလည်း သူတို့နှစ်ယောက်ပုံစံကိုကြည့်ပြီး စူးစမ်းချင်နေပုံရသည်။
တစ်ယောက်က ဆွယ်တာအဖြူအကြီးကြီးဝတ်ထားပြီး ထိုဆွယ်တာထဲ တစ်ကိုယ်လုံးမြုပ်နေတဲ့ ဖြူဖြူသေးသေးချစ်စရာကောင်ငယ်လေးရယ်၊ နောက်တစ်ယောက်ကျတော့ ဝတ်စုံပြည့်ဝတ်ထားပြီး အရပ်ရှည်ရှည်တည်ကြည်ချောမောတဲ့ကောင်လေး။
ဝမ်ရိပေါ် မျက်နှာနီနီဖြင့် သူ့ရှေ့မှာ ဗိုက်နှိပ်ပြီးရယ်နေတဲ့ရှောင်းကျန့်ကိုကြည့်ကာ......
"ခင်ဗျားလေးတော်တော်သဘောကျနေတယ်ပေါ့ ဟုတ်လား......''
ထိုအခါကျမှ အဲ့ဟာလေးက အရယ်ကိုရပ်ပြီးသူ့ကိုကြည့်တယ်၊ အားပါးတရရယ်မောလိုက်ရလို့ စို့တက်လာတဲ့မျက်ရည်အရှိန်နဲ့ လှပတဲ့မျက်ဝန်းညိုတစ်စုံက ကြယ်ရောင်တွေလိုတစ်ဖျက်ဖျက်နဲ့အရောင်လဲ့နေခဲ့သည်။
"ခင်ဗျားကလည်း.....သဘောကျတာမဟုတ်ပါဘူး....ခုဏက ခင်ဗျားပုံစံကရယ်ချင်စရာကြီး......ဟိဟိ......''
ပြောပြီးတော့မှ အရယ်မပြတ်ပဲတစ်ဟိဟိနဲ့ဆက်ရယ်နေပြန်သည်၊ အရယ်လွန်ပြီးဗိုက်ကိုဖိကာ အားပါးတရကြီးကိုရယ်နေတာဖြစ်သည်။
သူ့ယုန်ပေါက်စရယ်နေတာကိုကြည့်ပြီး ဖြတ်သွားဖြတ်လာမိန်းကလေးတော်တော်များများက ရပ်ကြည့်နေကြသည်ကို ဝမ်ရိပေါ်မျက်လုံးထောင့်ကနေမြင်နေရသည်၊ တစ်ချို့ကောင်မလေးတွေဆိုရင်ဖုန်းထုတ်ပြီး ဓာတ်ပုံတောင်ရိုက်သွားကြသေးသည်။
"ကဲပါကွာ.....အခုမရယ်နဲ့တော့......ရယ်ချင်ရင် မုန့်ဆိုင်ရောက်မှရယ်တော့......လာအခုသွားမယ်......''
ရှောင်းကျန့်လက်ကိုဆွဲပြီး ထိုနေရာကနေအနီးစပ်ဆုံးမုန့်ဆိုင်တစ်ဆိုင်ကို ဝင်လာခဲ့လိုက်ရသည်၊ ဆိုင်ကလူသိပ်မများသောကြောင့် အေးအေးဆေးဆေးဖြစ်မဲ့ထောင့်ကစားပွဲအလွတ်တစ်ခုမှာ နေရာယူလိုက်သည်။