Zawgyiတစ်ကိုယ်လုံး နွမ်းရိမူးဝေကာ ရင်ထဲမှာလည်းပျို့အန်ချင်သလို။
မျက်လုံးကို အားယူကာဖွင့်လိုက်တော့ သူ့ကိုငုံ့မိုးကြည့်နေတဲ့ ဝမ်ရိပေါ်။
"နိုးပြီလား.....ဘယ်လိုနေသေးလဲ.....''
ရှောင်းကျန့်ခေါင်းတွေ နှောက်ကျိရှုပ်ထွေးနေပေမယ့် ဝမ်ရိပေါ်အသံကခါတိုင်းနှင့်မတူ ထူးခြားစွာနူးညံညင်သာနေသည်ကိုတော့ သတိထားမိသည်။
"အ!......."
ရှောင်းကျန့် သူ့အမေးကို မဖြေဘဲ အားယူကာ ထလိုက်တော့ အလိုမလိုက်တဲ့ ခန္ဓာကိုယ်ကပြန်ခွေကျသွားသည်။
"ကျစ်! ချက်ချင်းကြီး မထနဲ့လေကွာ.......''
ပြောလည်းပြော ရှောင်းကျန့်ပုခုံးနှစ်ဖက်ကို လက်နှင့်ညင်ညင်သာသာထိန်းကိုင်ပေးလာတဲ့သူ.....
"ခေါင်းမူးတယ်......''
ရှောင်းကျန့် နထင်ကိုလက်မနှင့် ထောက်ရင်းမှပြောမိသည်။
"မူးနေသေးလား.....အဲ့ဒါဆိုမထနဲ့အုံး ပြန်လှဲနေလိုက်......ဗိုက်ဆာပြီလား.....ဆန်ပြုပ်သောက်မလား ကိုယ်မှာပေးမယ်......''
ရှောင်းကျန့်ခေါင်းကိုသာ ယမ်းလိုက်ပြီး မျက်လုံးတွေကိုမှိတ်ကာ ပြန်လှဲနေလိုက်သည်။
အခုအချိန်မှာ ဘာမှမစားချင်သလို ခန္ဓာကိုယ်ကလည်းမလှုပ်ရှားချင်။
သူ့ဘက်က သက်ပြင်းချသံသဲ့သဲ့ကို ကြားလိုက်ရပြီး ဘာမှထပ်ပြောမလာတော့။
အခန်းလေးက အရင်အတိုင်းပြန်လည်တိတ်ဆိတ်သွားခဲ့ပြန်သည်။
အတန်ကြာတော့ သက်သာသလိုရှိလာတဲ့ရှောင်းကျန့်က မျက်လုံးလေးတွေပွင့်လာပြန်သည်။
"ဟင်!......."
အခန်းထောင့်က လူနာစောင့်တွေအတွက်ပေးထားတဲ့ ဆိုဖာမှာ လက်ပိုက်လျှက်ထိုင်ရင်း သူ့ကိုကြည့်နေတဲ့ ဝမ်ရိပေါ်.....
"မင်းသက်သာပြီလား.......''
"ခင်ဗျားရှိနေသေးတာလား.......''
သူက ရှောင်းကျန့်အမေးကိုမဖြေဘဲ အနားအထိလျှောက်လာပြီး ကုတင်ဘေးက ခုံမှာဝင်ထိုင်တယ်။