Zawgyi
"ခွပ်!....''
ခပ်ပြင်းပြင်း လက်သီးတစ်ချက်က သူ့မျက်နှာပေါ်သို့ ကျရောက်လာပြီး မျက်နှာတစ်ခုလုံလည်ထွက်သွားခဲ့သည်။
"ခွပ်!.....''
နောက်ထပ် တစ်ချက်... သူမရှောင်မိဘူး...
"ခွပ်!.....''
"ဖန်ရိကော တော်တော့ လွန်မယ်!....''
ကျန်းဟန် ရဲ့ တားမြစ်သံနှင့်အတူ သူ့မျက်နှာပေါ်သို့ ဘာလက်သီးချက်မှ ထပ်မံ၍ ကျရောက်မလာတော့ပါ။
လက်သီးချက်တွေကျရောက်မလာပေမယ့် သူ့ပါးပြင်တစ်လျှောက်အတိုင်းအဆမဲ့စွာ ကျဆင်းလာတဲ့မျက်ရည်ပူတွေကိုတော့ သူငြင်းပယ်နိုင်ခြင်းမရှိခဲ့။
"ဝမ်ရိပေါ်... မင်း!......''
အံကြိတ်သံနှင့်အတူ ကျန်းဖန်ရိက သူ့အင်္ကျီရင်ဘက်စကို လက်နှစ်ဖက်နှင့်ခပ်တင်းတင်းဆုပ်ကိုင်ရင်း တက်ကိုပြင်းပြင်းခေါက်သည်။
ဘေးနားက ကျန်းဟန်က ကျန်းဖန်ရိရဲ့ လက်တွေကို အတင်းချုပ်ပြီး နောက်ထပ်လက်သီးချက်တွေ ဝမ်ရိပေါ်ထံမကျရောက်ဖို့အတင်းဆွဲထားရသည်။
လုဖေးကတော့ လဲကျနေတဲ့ သူ့ကို ဂရုဏာသက်သလိုကြည့်ကာ ထူပေးနေသည်။
ဟုတ်တယ် သူမှားသွားတာ.....အားလုံးက သူ့ပယောဂတွေကြောင့် ဖြစ်ရတာ......
ကျန်းဖန်ရိ ရဲ့ လက်သီးချက်တွေကို သူမရှောင်နိုင်တာ မဟုတ် မရှောင်ချင်တော့တာဖြစ်သည်။
သူနှင့် ကျန်းဖန်ရိက ရှောင်းကျန့်နှင့် ပတ်သက်ပြီး နားလည်မှု ယူခဲ့ကြတာဖြစ်သည်။
ကျန်းဖန်ရိကလည်း ဒီလကုန်လျှင် LA ကို အပြီးထွက်သွားတော့မှာဖြစ်ကာ အခုရုတ်တရက်ကြီး ဒီလိုဖြစ်သွားသည့်အတွက် သူ့ကို ဒေါသထွက်သည့်ဆိုတာလည်း ကျန်းဖန်ရိဘက်ကကြည့်လျှင်မမှားပေ။
ကျန်းဖန်ရိကရှောင်းကျန့်ကို အရမ်းချစ်ခဲ့ပေမယ့် ရှောင်းကျန့်ချစ်တဲ့သူက ကျန်းဖန်ရိမဟုတ်ခဲ့။
အဲ့ဒါကြောင့် နာနာကျင်ကျင်နဲ့ကို ကျန်းဖန်ရိကနာက်ဆုတ်ပေးခဲ့တာ။