Zawgyi
"သောက်ရမယ့် ဆေးတွေကိုမှန်မှန်သောက်ရဲ့လားကျန့်ကျန့်......''
Drip ချိတ်နေရင်းနဲ့ ချင်းဟန်မေးတော့ ရှောင်းကျန့်ခေါင်းလေးကိုသာအသာညိတ်ပြလိုက်သည်။
ချင်ဟန်တကယ်ပဲ အိပ်ယာထက်မှာ လှဲနေတဲ့ဖြူဖျော့ဖျော့ကောင်လေးကိုကြည့်ပြီးအားမရဘူး။
မြိုသိပ်နိုင်လွန်းသွားတာပဲလားတော့မသိ ရှောင်းကျန်က အခုနောက်ပိုင်း ဘယ်သူဘာပြောပြောခေါင်းလေးတစ်ညိတ်ညိတ်နဲ့ ကျေနပ်တယ် မကျေနပ်ဘူးဆိုတာလည်းမရှိတော့၊ တွေးတွေးငေးငေးလေးပဲ သူ့စိတ်ထဲမှာ ရှိတာတွေကိုလည်းထုတ်မပြောပြတတ်တော့။
"အစားကောပုံမှန်စားရဲ့လားကျန့်ကျန့်......''
သူထပ်မေးတော့လည်း ခေါင်းထပ်ညိတ်ပြရုံအပြင်ပိုမလာဘူး၊ ချင်းဟန် လေပူကိုသာ ခပ်လေးလေးကြီးမုတ်ထုတ်လိုက်မိသည်၊ ဒီပုံစံအတိုင်းရှေ့ဆက်သွားလို့ကတော့ ဒီကောင်လေးလဲကျသွားလိမ့်မည်၊ ရိပေါ်နဲ့ဘယ်လိုတွေနှစ်ပါးသွားနေသည်မသိ။
"ရိပေါ် သိလား.......''
ဒီတစ်ခါမေးလိုက်တာက သူ့အနောက်မှာရပ်ကြည့်နေတဲ့ မင်းထန်းကိုသာဖြစ်သည်။
"ရိပေါ်ကိုကျန့်ကျန့်မူးလဲလဲချင်း ကျွန်တော်ဖုန်းဆက်ထားတယ်....အခုလာနေပြီတဲ့......''
"အားနည်းပြီး ခဏခဏ မူးလဲတာ မကောင်းဘူးလေ ကျန့်ကျန့်ရဲ့.....ရင်ဘက်ရောအရင်လိုအောင့်သေးလား........''
"မအောင့်တော့ပါဘူး......မူးလဲတာလေးဟာကို သေလောက်တဲ့ရောဂါလည်းမဟုတ်ပဲနဲ......သူ့ကိုမခေါ်လည်းရတာပဲကို ကောတို့ကလည်း........''
လေသံတိုးတိုးနဲ့ ပြန်ဖြေလာတဲ့ရှောင်းကျန့်ပုံစံလေးက ကိုယ့်ကိုယ်ကိုပဲ ဂရုမစိုက်တော့တာလား ဒါမှမဟုတ် ဝမ်ရိပေါ်ကိုပဲ ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တော့တာလားဆိုတာ သိပ်တော့မသဲကွဲ။
ရှောင်းကျန့်မူးလဲတယ်ဆိုပြီး မင်းထန်ဖုန်ဆက်ဆက်ချင်း သူဆေးရုံကနေ အပြေးအလွှာရောက်ချလာခဲ့တာဖြစ်သည်၊ ဒီရောက်တော့ သွေးအားလည်းအရမ်းနည်းပြီး pressure တွေအရမ်းထိုးကျနေတဲ့ကောင်လေးဟာ စာရွက်ဖြူလေးတစ်ရွက်လိုပဲ ဖြူဖျော့ပြီးလေတိုင်ရင်လွင့်သွားတော့မယ့်ပုံစံမျိုး။