Zawgyi
"မင်းကိုတော့လေ ဆံပင်မွှေးတွေ တစ်မွှေးမကျန်နှုတ်ဆွဲပစ်လိုက်ချင်တော့တာပဲ ရိပေါ်ရယ်.....ငါအတန်တန်ပြောထားတဲ့ကြားထဲက......''
သွေးရူးသွေးတန်းနဲ့ ချင်းဟန်ကောဆီဖုန်းဆက်တော့ ချက်ချင်းရောက်ချလာသည်။
ရောက်တာနဲ့ ရှောင်းကျန့်ကို စစ်ဆေးပြီး သူ့ကိုတစ်ပြစ်တောက်တောင်ပြောနေသည်က မပြီးနိုင်မစီးနိုင်သေးပါ။
ချင်းဟန်ကောရဲ့ ဆေးအိတ်ကိုအတင်းပြေးဆွဲပြီး ဆူသမျှသည်းခံ မျက်နှာချိုသွေးကာ အနောက်က တစ်ကောက်ကောက် လျှောက်လိုက်နေရတဲ့အဖြစ်။
"အမှတ်ကိုမရှိဘူး.....ရှောင်းကျန့်အတွက် နည်းနည်းလေးလောက်ပဲဖြစ်ဖြစ်တွေးပြီး ပူပန်ပေးပါလား ရိပေါ်ရယ်......''
"ကျွန်တော် မပူဘူးလို့ပြောမိလား.....စိတ်ပူနေတာ ရင်နဲ့ မဆန့်အောင်ပဲ....ကော စကားမများနဲ့ မြန်မြန်သတိရအောင်ကုပေးဗျာ.....''
ဝမ်ရိပေါ်စကားကြားတော့ ချင်းဟန်က မျက်နှာကိုမဲ့သည်။
"ဒီကလေး ဓာတ်မတည့်တာစားမိသေးလား ရိပေါ်.......''
"ဟမ်! မသိဘူးကော....သူ ဒီအတိုင်း မေ့သွားတာ.....ဘယ်တော့သတိရမှာလဲ အရမ်းစိုးရိမ်ရလား.....ဆေးရုံသွားရမလားဟင်ကော.....''
"ဆေးရုံသွားဖို့တော့မလိုပါဘူး....အဖျားဝင်နေတာ မတည့်တာတစ်ခုခုစားလိုက်မိလို့လည်းဖြစ်မယ်.......''
"တော်သေးတာပေါ့......''
အခုမှ ရင်အေးသွားသလို ဟင်းခနဲ သက်ပြင်းကို ချလိုက်တဲ့ ဝမ်ရိပေါ်ကို ချင်းဟန်က မျက်စောင်းခဲရင်း.....
"ဘာကို တော်သေးတာပေါ့လဲ.....နောက်တခါဖြစ်ရင် မင်းမလွယ်ဘူးမှတ်!.....ပြီးတော့ ဒီကလေးကို ဆေးရုံမှာ သေသေချာချာ Medical check up လုပ်စေချင်တယ်....သူ့ကိုကြည့်ရတာ ငါသိပ်အားမရဘူး.....''