Zawgyi
ဧည့်ခန်းမှာငြိမ်ငြိမ်လေးထိုင်နေတဲ့ ရှောင်းကျန့်ကဟိုတွေးသည်တွေးအတွေးတွေက ဟိုရောက်သည်ရောက်နှင့်။
ရှောင်းကျန့်က သူပေးမယ့်လက်ဆောင်ကို စိတ်ဝင်စားတာထက် သူ့ရဲ့နူးညံ့လိုက်လျောမှုတွေ စီးမျောလာတာကို တွေးမိတိုင်းကြည်နူးမိတာဖြစ်သည်။
သူဂရုတစိုက်ပေးတဲ့ လက်ဆောင်ဆိုလျှင် ဘာဘဲဖြစ်ဖြစ် ခပ်ပေါပေါ ဖိနပ်လေးတစ်ရံကအစ ကျေနပ်မိမှာအမှန်ပင်။
ချစ်တယ်လို့ပြောလာခဲ့ရင်တော့ အတိုင်းထက်အလွန်ဖြစ်မိမှာအမှန်ပေါ့။
ရှောင်းကျန့် ခုံလေးပေါ်မှာထိုင်စောင့်ရင်း အပြင်ကအသံကိုလည်း နားစွင့်မိတာကအကြိမ်ကြိမ်ပင်။
သူပြန်လာလျှင်လည်း ရေချိုးအဝတ်အစားလဲအုံးမှာကို သတိရသည်နှင့် သူ့အတွက်အင်္ကျီ အဆင်သင့်ထုတ်ပေးရန် ဘီရိုရှေ့သို့ရောက်သွားခဲ့သည်။
တန်းပေါ်မှာ ချိတ်နဲ့မဟုတ်ဘဲ ဒီအတိုင်းတင်ထားသည့် ဘောင်းဘီကို သတိထားမိပြီး သိမ်းမလို့ဆွဲယူလိုက်လျှင်....
မာကျောကျော ပစ္စည်းလေးတစ်ခုကို အပြင်ကစမ်းလိုက်မိကာ ထုတ်ကြည့်တော့ဖုန်းလေးတစ်လုံး။
ဝမ်ရိပေါ်ရဲ့ ဖုန်းပဲထင်ပါတယ်။
တစ်နေ့လုပ်တစ်နေ့စားဝမ်ရိပေါ်က ဖုန်းကျတော့အမျိုးမျိုးကိုင်နိုင်တယ်တဲ့လား။
ုပြီးတော့ တမင်ထားခဲ့တာလား...မေ့ကျန်ခဲ့တာလား....ဝမ်ရိပေါ်ကအမေ့အလျော့ မရှိခဲ့တဲ့လူပါ။
ဖုန်းကိုသေချာကြည့်၍ ဖွင့်လိုက်လျှင် low battery ဆိုတဲ့ စာကြောင်းလေးပေါ်လာသောကြောင့်ဘဲ ရှောင်းကျန့်သဘောပေါက်သွားပြီး အားသွင်းကြိုးကိုရှာကာ အားသွင်းထားလိုက်သည်။
နောက်ကျမယ်လို့ပြောထားပေမယ်လည်း သိပ်နောက်ကျမယ်လို့မထင်မိတာကြောင့် ရှောင်းကျန့်လည်ပင်းလေး တရှည်ရှည်ဖြစ်ကာ နံရံကနာရီကိုပင် မော့မော့ကြည့်နေမိသည်။
အတန်ကြာ စောင်နေရင်းမှ အိမ်ရှေ့မှ လူခေါ်ဘဲလ် မြည်သံကြောင့် အပြေအလွှားလေး သွားဖွင့်မိတော့ ဝမ်ရိပေါ်တော့မဟုတ်။