Zawgyi
အိမ်ရှေ့ကကားသံကြောင့် ဖိနပ်တောင်မစီးနိုင်ဘဲ ရှောင်းကျန့်က အိမ်ရှေ့ကိုအပြေးတစ်ပိုင်းထွက်လာခဲ့သည်၊ မနက်ကတည်းက ဝမ်ရိပေါ်ကိုသတိရနေတာကြောင့် အိပ်တောင်မအိပ်ပဲစောင့်နေတာဖြစ်သည်၊ အိမ်ရှေ့ရောက်တော့ အခြေအနေက ပုံမှန်နဲ့မတူတော့ စိတ်ထဲထင့်ကနဲပဲ။
"ကျန်ကျန့်!!......"
မင်းထန်က ဝမ်ရိပေါ်ကိုတွဲပြီးကားထဲကအထွက် ရှောင်းကျန့်ကိုမြင်တော့အံ့သြသွားခဲ့သည်၊ ဝမ်ရိပေါ်ကလည်း မင်းထန်လက်ကိုမှီထားရင်မှ မင်းထန်အသံကြောင့် မျက်လုံးတွေကိုမှိတ်ထားကာမှဖွင့်လိုက်သည်၊ ခါတိုင်းဆိုရင် သူတို့ပြန်လာတဲ့အချိန်တိုင်းဧည့်ခန်း ဒါမှမဟုတ် ဆိုဖာမှာအိပ်ပျော်နေတတ်တဲ့ ရှောင်းကျန့်က ထူးထူးဆန်းဆန်းဒီနေ့တော့သူ့ကိုအပြင်ထွက်ကြိုသည်တဲ့။
"ရှောင်းကျန့်!!......"
"ဝမ်ရိပေါ် ဘာဖြစ်လာတာလဲဟင်........''
စိုးရိမ်မှုတွေအထင်းသားမျက်နှာနှင့် ရှောင်းကျန့်က တစ်ဖက်ကနေ ဝမ်ရိပေါ်ကိုဝင်တွဲသည်၊ အိမ်ရှေ့ကနေသူတို့နေတဲ့ အိပ်ခန်းကုတင်ပေါ်မှာ လှဲချပေးလိုက်သည့်အထိ ရှောင်းကျန့်က ဝမ်ရိပေါ်မျက်နှာကိုတစ်မေ့တစ်မောကြည့်နေတုန်း၊ ခေါင်းမှာပတ်တီးအဖွေးသားရယ် ဖြူဖျော့နေတဲ့ဝမ်ရိပေါ်မျက်နှာက ရှောင်းကျန့်စိတ်ပူဖို့အတွက်လုံလောက်နေခဲ့သည်။
"ဝမ်ရိပေါ် ဘာဖြစ်လာတာလဲဟင်.....ကျွန်တော့်ကိုစကားပြောပါအုံး......''
ရှောင်းကျန့်ကသူ့ပခုံးတွေကိုလှုပ်ကိုင်ပြီးမေးနေပေမယ့် မူးနောက်နောက်ဖြစ်နေတဲ့ဝမ်ရိပေါ်က ပြန်မဖြေနိုင်ဘူး၊ ထိုအခါကျ ပူပန်နေတဲ့ရှောင်းကျန့်ထံမှ ငိုသံတွေထွက်လာရော၊ မျက်ရည်တွေသုတ်ပေးချင်ပေမယ့် ဆေးအရှိန်ကြောင့်ရော ပင်ပန်းတဲ့ဒဏ်ပါပေါင်းပြီး ဝမ်ရိပေါ်ကလက်လေးတစ်ချောင်းတောင်မြောက်မရဘူး။
"အဟီး...အဟင့်....မင်းထန်ကောကော ဝမ်ရိပေါ် ဘာဖြစ်လာတာလဲ ကျွန်တော်မေးတာလည်းပြန်မဖြေဘူး.......''