Zawgyi
ရှောင်းကျန့်ရင်တွေခုန်လွန်းလို့ နာရီကိုခဏတိုင်းကြည့်ကြည့်မိနေတယ်။
မတက်နိုင်ဘူးလေ ချစ်နေမိတာကို။
မနက်ဖြန်လက်ဆောင်ပေးမယ်လို့သူ့ဆီက ပြောသံကြားကတည်းက ညတောင်အိပ်မပျော်တော့တဲ့ကိုယ့်အကြောင်းကို ကိုယ်သာသိတယ်။
တစ်ခြားဘယ်အရာမှမလိုအပ်ပါဘူး ဒီအတိုင်းသူ့ဆီကချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းကသာလျှင် ရှောင်းကျန့်အတွက်အဖိုးမဖြတ်နိုင်တဲ့လက်ဆောင်။
ဒီနေ့တော့မျှော်လင့်ရတာပဲ သူ့ဘက်ကချစ်တယ်လို့ပြောနိုင်ကောင်းပါရဲ့။
ရှောင်းကျန့်အဖို့က ဝမ်ရိပေါ်နဲ့ဆုံဆည်းခဲ့ပြီးချစ်သွားမိတာကအမှားတစ်ခု။
ဒါပေမယ့်လည်း သူအမှားကိုအမှန်မပြင်ချင်ခဲ့ဘူး။
ပိုးဖလံမျိုးမီးကိုတိုးဆိုတဲ့စကားအတိုင်း ရှောင်းကျန့်ကရူးရူးမိုက်မိုက်နဲ့အလောင်ကျွမ်းခံပြီးတော့ကိုရှေ့ဆက်တိုးနေတာ။
ညနေရေမိုးချိုးပြီး ဆွယ်တာပွပွတစ်ထည်နဲ့ ချည်သားဘောင်းဘီလေးကိုထုတ်ဝတ်ထားလိုက်တယ်။
သူအရမ်းသဘောကျတဲ့အဖြူရောင်လေး။
ဝမ်ရိပေါ်ပြန်လာရင် သူကြည့်ကောင်းနေဖို့လိုတယ်မဟုတ်ဘူးလား။
တစ်ထိတ်ထိတ်ခုန်နေတဲ့ သူ့ရင်ဘက်ကိုအသာဖိကြည့်မိတော့ ရင်ဘက်ထဲကအကောင်က မင်းတော့ဆေးမမှီတော့ဘူးတဲ့။
အဟက်။
ရှောင်းကျန့်ရယ်ချလိုက်မိတယ်။
ချစ်မိရင် အားလုံးကအရူးတွေဖြစ်သွားကြတာပဲမဟုတ်လား။
ယဉ်ယဉ်လေးရူးတာနဲ့သွက်သွက်ခါရူးတာပဲကွာတာပါ။
ရှောင်းကျန့်ကရော ဘယ်အမျိုးအစားထဲမှာပါမယ်ထင်လဲ။
ဧည့်ခန်းကခုံလေးမှာထိုင်ရင်း အခန်းထောင့်ကနာရီကို ငါးမိနစ်တစ်ခါလောက်ကိုကြည့်မိနေတာ။
စိတ်လှုပ်ရှားပြီးလက်သေးသေးနှစ်ဖက်ကိုတောင်ပွတ်နေမိသေးတယ်။