Zawgyi
အခုနောက်ပိုင်းရှောင်းကျန့်ကိုဝမ်ရိပေါ်က မျက်စိရှေ့ကအပျောက်မခံတော့ဘူး။
ဘယ်သွားသွား မရမကခေါ်သွားတတ်သလို အလုပ်လည်းအလုပ်မိုလို့၊အပြင်လည်းအပြင်မို့လို့ ခေါ်ခေါ်သွားတတ်သည်။
ရှောင်းကျန့်က နောက်ပိုင် ငြိမ်ငြိမ်ကလေးပဲ၊ စကားကိုလိုတာထက်သိပ်မပြောတော့သလို ပုံစံကပျော့တိပျော့ဖက်နဲ့ ချွဲစရာရှိရင်တော့ချွဲတတ်သည်။
ချစ်ပေးတဲ့သူက ဝမ်ရိပေါ်ဖြစ်သွားသလို အချစ်ခံရတဲ့လူသားလေးကတော့ ရှောင်းကျန့်ဖြစ်သွားတယ်။
ဒီနေ့ရှောင်းကျန့်က မနေ့ကရေချိုးတာကြာသွားသည့်အတွက် အအေးမိပြီးနေသိပ်မကောင်းပေ၊ ဆိုတော့ကာ ဝမ်ရိပေါ်ကနေမကောင်းတဲ့ရှောင်းကျန့်ကို အိမ်မှာတစ်ယောက်ထဲထားခဲ့ဖို့စိတ်မချဘူး ဒီတော့သူနဲ့အတူရုံးခန်းကိုခေါ်သွားသည်။
အခုက CEO ဝမ်ရိပေါ်ရဲ့ရုံခန်းထဲမှာဖြစ်သည်။
CEO စားပွဲမှာ အကျအနထိုင်ကာ စားရင်းတွေရော၊လုပ်ငန်းအတွက်လက်မှတ်ထိုးစရာတွေကိုပါ သေချာစစ်ဆေးနေတဲ့ ဝမ်ရိပေါ်ရှိသလို၊ အရှေ့ကဆိုဖာပေါ်မှာထိုင်ကာ ဧည့်စားပွဲမှာတင်ထားတဲ့ ကြော်ငြာ Catalogue တွေကို တစ်အုပ်ချင်းစီလှန်ပြီး ကလိနေတဲ့ရှောင်းကျန့်လည်းရှိသည်။
Catalogue တစ်အုပ်ပြီးတစ်အုပ်ကို ပုံလည်းကြည့်တာမဟုတ်ပဲ စာရွက်တွေကိုတစ်ပြန်းပြန်းနဲ့လှန်ပြီးဆော့နေတာဖြစ်သည်။
ဝမ်ရိပေါ်က စစ်လက်စဖိုင်တွဲကိုချပြီး ရှောင်းကျန့်ကိုလှန်းကြည့်ကာ.....
"ပျင်းနေပြီလား......''
"အင်း.....''
သံရှည်ဆွဲပြီး ပြောလာတဲ့ပုံစံလေးက တကယ့်ကိုပျင်းနေသည့်ဟန်။
"ကိုယ်ပြီးတော့မယ်....ပြီးရင်တစ်ခုခုစားရအောင် Canteen လိုက်ပို့ပေးမယ်......ဆေးလည်းသောက်ရအုံးမယ် မဟုတ်လား.......''
"ဟုတ်......''
ခေါင်းလေးညိတ်ပြီး ရှောင်းကျန့်ကထိုင်ရာမှထသည်။
ပြီးတော့ ရုံးခန်းအတွင်းလမ်းလျှောက်နေပြီး နံရံကပ်ဘီရိုတွေမှာထည့်ထားတဲ့ Lego အရုပ်တွေကိုကိုင်ကြည့်လိုက်ပြန်ချလိုက်နဲ့ဆော့နေပြန်သည်။