Zawgyi
သူအိပ်ယာနိုးတော့ ရင်ခွင်ထဲက ရှောင်းကျန့်က မနိုးသေးဘူး နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတုန်း။
မနေ့က သူနဲ့ရုန်းရင်းကန်ရင်း တော်တော်ညဉ့်နက်မှ အိပ်ပျော်သွားခဲ့တာဖြစ်သည်။
အိပ်ပျော်နေတဲ့မျက်နှာလေးကိုကြည့်မိတော့ နှုတ်ခမ်းပါးရဲရဲက ဆူထော်လို့။
အိပ်ပျော်နေချိန်ကလွှဲပြီး ကျန်တဲ့အချိန်တွေများဆိုရင် သူ့ကိုကတ်ကတ်လန်အောင် ရန်တွေ့တတ်သောထိုနှုတ်ခမ်းပါးလေး။
နှုတ်ခမ်းပါးအောက်က မဲ့နက်လေးကြောင့်ပဲ ဒီကောင်လေးအရမ်းစွာနေတာလားပင်မသိ။
ဝမ်ရိပေါ်တစ်ယောက် စိတ်မထိန်းနိုင်စွာ ထိုနှုတ်ခမ်းပါးရဲရဲအောက်က မဲ့နက်ကလေးကို လက်မနှင့် အသာပွတ်သပ်လိုက်တော့ တစ်အင်းအင်းနဲ့ ရှောင်းကျန့်က မျက်လုံးတွေပွင့်လာတယ်။
မျက်လုံးဖွင့်ဖွင့်ချင်း ဝမ်ရိပေါ်ရင်ခွင်ထဲရောက်နေတဲ့သူ့အဖြစ်ကိုပြန်သတိရပြီး အတင်းရုန်းထွက်တယ်။
ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ။
ရှောင်းကျန့်သိလိုက်တာက မနေ့ညက ဝမ်ရိပေါ်ရဲ့ အနမ်းတွေကြောင့် စိတ်ဆိုးတာလား ရင်ခုန်တာလားမခွဲခြားနိုင်တော့ဘဲ ရုန်ရင်းကန်ရင်းအိပ်ပျော်သွားခဲ့တာဖြစ်သည်။
ပြုံးစိစိနဲ့ သူ့ကိုကြည့်နေတဲ့ ဝမ်ရိပေါ်ကို မျက်စောင်းထိုးလိုက်ရင်း.....
"ခင်ဗျား ဘာလုပ်တာလဲ........''
ရှောင်းကျန့်အမေးကို ဝမ်ရိပေါ်က လက်ကိုမြောက်ရင်းပုခုံးတွန့်ပြတယ်။
သူ့မူပိုင်မဲ့ပြုံးနဲ့ ရှောင်းကျန့်မုန်းလိုက်တာဆိုတာလေ။
"အစောကြီးရှိသေးတယ် မင်းဘယ်သွားမလို့လဲ.......''
"ဘယ်သွားသွား ခင်ဗျားအပူမပါဘူး.......''
"ရှောင်းကျန့်.......''
ကုတင်ပေါ်က ဆင်းဖို့ပြင်နေတဲ့ ရှောင်းကျန့်လက်တစ်ဖက်ကိုသူကခပ်ကြမ်းကြမ်းဖမ်းဆွဲတယ်။