Honey Trap Ep 36

6.7K 686 56
                                    




Zawgyi



ရင်ခွင်ထဲမှ ခပ်ကွေးကွေး​လေးအိပ်ပျော်နေတဲ့ကောင်ငယ်လေးနိုးသွားမည်စိုးသောကြောင့် မျက်နှာနုနုထက်တိုက်ရိုက်ကျရောက်နေတဲ့ နေရောင်ကိုလက်တစ်ဖက်နဲ့အသာကွယ်ထားပေးမိသည်၊ တကယ်တော့သူနိုး​နေတာ တော်တော့ကိုကြာနေပြီဖြစ်သည်၊ အေးအေးချမ်းချမ်းအိပ်စက်နေတဲ့ ရင်ခွင်ထဲကယုန်ပေါက်စကို မြတ်နိုးကြည့်မဝနိုင်ဖြစ်နေသောကြောင့်သာ အိပ်ယာထက်မှမထသေးခြင်းဖြစ်သည်။

ဖြူဝင်းနေတဲ့ပါးမို့မို့လေးကသူ့လက်မောင်းကိုဖိပြီးအိပ်နေသောကြောင့် မို့တက်ပြီးနီရဲရဲလေးဖြစ်ကာဝင်းမို့ပြောင်လက်နေသည်၊ ထောင့်စွန်းတွေညီညာပြီးဖူးနု​နေသည့် နှုတ်ခမ်းပါးရဲရဲလေးက ညကသူ့လက်ချက်ကြောင့်လားပင်မသိ ​ဖောင်းပြည့်ပြီး တင်းတင်းရဲရဲလေးဖြစ်နေကာ နှုတ်ခမ်းထောင့်ကမြင်နေရတဲ့မှဲ့နက်ကလေးကတော့ သူ့မြတ်နိုးမှုတို့စုစည်းရာရပ်ဝန်းလေးဖြစ်သည်။

မျက်တောင်ရှည်တို့နှင့်ပနံရလွန်းလှတဲ့ နက်မှောင်သွယ်တန်း​နေတဲ့ မျက်ခုံးတန်းတစ်စုံက ထူလွန်းသည်လည်းမဆိုသာပဲ ခပ်ပြေပြေလေးနှင့်တစ်မျိုးကြည့်ကောင်းနေပြန်သည်၊ အသဲယားလွန်းလို့ ဖျစ်ညစ်ဆွဲယမ်းပစ်လိုက်ချင်ပေမယ့် နိုးသွားမည်စိုးသောကြောင့် သူ့အဖြစ်က လက်တစ်ပြင်ပြင်နှင့်တစ်စိမ့်စိမ့်ငေးမောကြည့်နေရုံသာ။


"အင်း!....."


ခပ်တိုးတိုးထွက်လာတဲ့ အသံသေးသေးလေးနှင့်အတူ အိပ်ချင်မူးတူးမျက်လုံးတွေကိုပုတ်ခက်ပုတ်ခက်လုပ်ပြီး ရင်ခွင်ထဲကနေ့သူ့ကိုမော့ကြည့်လာတဲ့ယုန်ပေါက်စ၊ အိပ်ယာကနိုးလာစ ကပိုကရိုမျက်နှာလေးနှင့်ရှောင်းကျန့်ဟာ ဘယ်အချိန်ကြည့်ကြည့်လှနိုင်တယ်ဆိုတာ သူအခုမှပို၍သိလာသည်။


"နိုးပြီလား......''

မျက်နှာထက် ကြည်ကြည်လင်လင်အပြုံးတစ်ခုကိုဖန်တီးပြီးသူမေးမိတော့ ယုန်ပေါက်စရဲ့ မပွင့်တစ်ပွင့်နိုးတစ်ဝက်မှိတ်တစ်ဝက်မျက်လုံးတွေက ပြန်မှိတ်ပြီး တစ်အီအီနဲ့ သူ့ရင်ခွင်ထဲပြန်တိုးဝင်တယ်။

Honey TrapWhere stories live. Discover now