Zawgyi
နားထဲမှာ ငိုသံလိုလို ကြားနေရတာကြောင့် ဝမ်ရိပေါ် မျက်လုံးတွေကို အားယူပြီး ဖွင့်လိုက်မိသည်။
ညကသောက်တာများသွားပြီး ဆိုင်ကယ်ကို ဒီအထိရောက်အောင် အနိုင်နိုင်မောင်းလာရတာကိုတော့ ခပ်ရေးရေးမှတ်မိသည်။
အတန်ကြာတော့မှ တွန့်ကြေနေတဲ့ အိပ်ယာခင်းတွေကို ကြည့်မိပြီး ညက အဖြစ်အပျက်တွေက သူ့အာရုံမှာ အနှေးကွက်ပြသလို ပေါ်လာခဲ့သည်။
ဟာ သွားပြီး!!
ခပ်မြန်မြန်ထပြီးကြည့်မိတော့ ခုတင်ခြေရင်းမှာ စောင်တစ်ထည်ကို ဖြစ်သလိုဆွဲသိမ်းပက်ထားတဲ့ ရှောင်းကျန့်။
ကျောပေးထားတာဖြစ်ပြီး တစ်သိမ့်သိမ့်တုန်ယင်နေတဲ့ ခန္ဓာကိုယ်ငယ်ကိုလည်း သူမြင်နေရသည်။
"ရှောင်းကျန့်........ ''
ခုတင်ပေါ်မှ ခပ်မြန်မြန်ဆင်းပြီး ခေါ်လိုက်တော့ ငိုသံခဏတိတ်ပြီး သူ့ကိုခပ်မော့မော့ပြန်ကြည့်လာတဲ့ မျက်ဝန်းငယ်။
မျက်လုံးတွေရော နှာခေါင်းထိပ်တွေပါ နီရဲလျှက် ဘယ်အချိန်ကတည်းက ထိုင်ငိုနေသည်မသိ။
"ရှောင်းကျန့်......ကိုယ်.......''
"ဟင့်အင်း.....ဖယ်.......''
ပုခုံးကို ကိုင်ဖို့ပြင့်လိုက်တဲ့ သူ့လက်တွေကို ဖယ်ထုတ်ရင်း ရှောင်းကျန့်က သူ့ကိုယ်ပေါ်က စောင်ကို ဆွဲသိမ်ကာ အခန်းအပြင်ကို ထွက်ဖို့ပြင်သည်။
ဝမ်ရိပေါ်က အနောက်ကနေ ရှောင်းကျန့်တစ်ကိုယ်လုံးကို သိုင်းဖက်ထားပြီး......
"ငါပြောတာကို မင်းနည်းနည်းလောက် သည်းခံပြီး နားထောင်.......''
"မထောင်နိုင်ဘူး.....ကျွန်တော့ကို လွှတ်ပေး.......''
"ငါ့ဘက်ကိုလှည့်ပါ......မင်းမကျေနပ်ရင် ကျေနပ်တဲ့အထိ ကိုယ့်ကို တုန့်ပြန်လိုက်.......''