Zawgyi
"ရိပေါ်!!....''
တံခါးဖွင့်တာ မညင်သာပေမယ့် ဒီအသံကိုပဲ မျှော်နေတာမို့ ချင်းဟန် အားရပါးရ ပြေးသွားမိသည်။
"တော်သေးတာပေါ့ ရိပေါ် ရယ်....ကော မှာ ဂျူတီရှိသေးတယ်....''
တံခါးနားမှာ အသံတိုးတိုးနှင့် ပြောရင်း အိပ်ခန်းဆီသို့လဲ လှည့်ကြည့်သေးသည်။
"ကော သူဘာဖြစ်တာလဲ...အခုသက်သာသွားပြီလား..... ''
"ဘာဖြစ်ရမလဲ....ခြေထောက်က ဒဏ်ရာက မပျောက်သေးဘူး ခေါင်းမှာ ဒဏ်ရာ ထပ်ရတဲ့ဟာ ဂရုစိုက်ရမှာလေ....မင်းတော်တော်ခတ်တယ် ရိပေါ် ရယ်....ဒီလောက်ဖြစ်နေတာကို ကော ကိုဖုန်းဆက်ခေါ်ပြီး ဒီအတိုင်းထားပြီး ထွက်သွားတယ်....ပြန်လာတော့ ညကိုးနာရီ ပူပင်သောကကို မရှိဘူး....''
"မပူဘူးလို့ ဘယ်သူပြောတာလဲ....''
ဝမ်ရိပေါ် က ဝင်လာပြီး အိပ်ယာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ရှောင်းကျန့် မျက်နှာလေးကို အပြင်ကနေ လှမ်းကြည့်သည်။
ပြီးတော့ ချင်းဟန် လက်ကို ဆွဲပြီး အခန်းပြင်က ဆိုဖာပေါ်မှာ ထိုင်ခိုင်းလိုက်ကာ.....
"ကော ဒီနေ့ duty off လုပ်ဗျာ....''
"ဘာ! ဟာ မဖြစ်ဘူး....ကော ဒီည ဆေးရုံမှာ ဆယ်နာရီ operation လုပ်ဖို့ရှိတယ်.....''
"တစ်ခြား ဆရာဝန်တွေလည်း ရှိတာပဲဟာ....ကော ကလည်း လုပ်မနေစမ်းပါနဲ့....''
ဝမ်ရိပေါ် က နာရီကို ငုံ့ကြည့်ရင်း အင်္ကျီ အိတ်ကပ်ထဲက Cheque တစ်စောင်ကို ထုတ်ကာ ချင်းဟန် လက်ထဲကို ထည့်လိုက်သည်။
"ကျွန်တော် နိုင်ငံခြား ကိုယ်စာလှယ်တွေနဲ့ လိုက်သွားဖြစ်ရင် ကြာမယ်ထင်တယ်...မဟုတ်ရင်လည်း ချက်ချင်းပြန်လာမယ်....လုပ်ပါ ကော ရယ် ဘာမှ အကြောင်းပြမနေနဲ့ ကလေးကို ဂရုစိုက်ပေး.....''
"ရိပေါ ရယ် ကော မှာလည်း မင်းရဲ့ အကိုဖြစ်နေရတာနဲ့ ဒုက္ခ သည်လိုလို ဘာလိုလိုနဲ့ ကိုယ့်ကိုကိုယ် ခွဲစိပ်အထူးကု ဆရာဝန်ဆိုတာတောင် မေ့နေပြီး.....''