Zawgyi
ပါတီထဲကိုဝင်လာတဲ့ မင်းထန်ကိုကြည့်ပြီး ဝမ်ရိပေါ်မျက်မှောင်ကြုံ့သွားတယ်၊ ဒီကောင်က ဒီအချိန်အိမ်မှာရှိနေရမှာမဟုတ်ဘူးလား၊ အိမ်မှာရှောင်းကျန့်တစ်ယောက်ပဲကျန်နေခဲ့တယ်ဆိုတဲ့အသိကြောင့် သူ့ခန္ဓာကိုယ်ကမတ်ခနဲပဲဖြစ်သွားတယ်၊ ပါတီဝိုင်းထဲမှာဟိုရှာဒီရှာလုပ်နေတဲ့ မင်းထန်ဆီကိုပဲခပ်မြန်မြန်သွားလိုက်ရသည်။
"အာ!ဟေ့ကောင်!......."
"မင်းကဘာလာလုပ်တာလဲ အိမ်မှာရှောင်းကျန့်တစ်ယောက်ပဲကျန်နေမှာပေါ့ သူ့တစ်ယောက်ထဲကိုစိတ်မချလို့မင်းကိုနေခိုင်ပါတယ်ဆိုမှ မင်ကပါလိုက်လာပြန်ပြီး အသုံးကိုမကျဘူး!......."
ရုတ်တရက်ဆွဲလိုက်တဲ့ ဝမ်ရိပေါ်ကြောင့် မင်းထန်ကလန့်သွားတယ်၊ သူမှန်းသိတော့မှ တစ်ခုခုကိုပြောရန်ပြင်နေတုန်း ဝမ်ရိပေါ်ကဦးအောင်ပိတ်ပြောလိုက်တာကြောင့် ပါးစပ်အဟောင်းသားနဲ့ကြောင်တောင်တောင်ဖြစ်သွားရသည်။
"ဟေ့ကောင် ငါပြောနေတာမကြားဘူးလား ရှောင်းကျန့်ကို ညဘက်ကြီးအိမ်မှာတစ်ယောက်တည်းထားခဲ့ပြီး မင်းကဘာလာလုပ်တာလဲ!........''
ဝမ်ရိပေါ်ထပ်အော်လိုက်တော့မှ မင်းထန်ကကြောင်ငေးနေရာမှအသိပြန်ဝင်လာပြီးမျက်နှာကိုမဲ့တယ်။
"ခွေးကောင်!ငါ့ကိုလာအော်မနေနဲ့ ဒီပွဲကိုတက်မယ်ဆိုတာမင်းကျန့်ကျန့်ကိုကြိုမပြောထားဘူးလား....မင်းနောက်ကျလို့ငါ့ကိုမေးလို့ ငါပြောပြလိုက်တာ....အခုတော့စိတ်ကောက်နေတယ် ကိုယ်ဘာသာချော့တော့!......"
"ရှောင်းကျန့်က အခုဘယ်မှာလဲ...... ''
"ငါနဲ့ပါလာတယ် ခြံပြင်က ကားထဲမှာ.......နောက်ဆိုသူများကိုအပြစ်ပြောချင်ရင် ကိုယ့်ဘာသာအပြစ်လွှတ်အောင်အရင်လုပ်....ငဒူကောင်!......."
အအော်ခံအကြိမ်းခံလိုက်ရတဲ့မင်းထန်က ပွစိပွစိနဲ့မကျေမနပ်ပြောလာတယ်၊ ဝမ်ရိပေါ်ကတော့ မင်းထန်စကားတွေကိုနားထဲဝင်ပုံမရဘူး၊ ပါတီပွဲရှိတဲ့ခြံဝန်းရဲ့အပြင်က မင်းထန်ရပ်ထားခဲ့တဲ့ကားရှိရာကိုသာ ခပ်သွက်သွက်လျှောက်သွားလေတော့သည်။