Zawgyi
မအိပ်ချင်သေး၍ ဆိုဖာပေါ်မှာ ငုတ်တုတ်ထိုင်ရင်း နာရီကို မော့ကြည့်မိတော့ အချိန်က ညဆယ့်တစ်နာရီထိုးနေပြီ ဖြစ်သည်။
ထိုစဉ်....
"ဂျောင်း!!....''
တံခါးမှာ ခတ်ထားသည့်သော့ကို ကိုင်ရိုက်ပစ်လိုက်သလို ညည့်နက်နေမှ အသံအကျယ်ကြီးထွက်သွားသည်။
ရှောင်းကျန့် ထိတ်ခနဲ ဖြစ်သွားတယ်။
"ဘယ်သူလဲ ချင်းဟန်ကော လား.....''
အသံကိုထိန်း၍ ပြောလိုက်ပေမယ့် တုန်ယင်နေမှာကတော့ အသေအချာပင်။
သော့ကလည်း ဆက်လက်လှုပ်နေဆဲဖြစ်ကာ တုံ့ပြန်သံမကြားရ...
မေးသာမေးရပေမယ့် ချင်းဟန်ကော က ညပိုင်းဆို ထွက်သွားပြီးတာနှင့် ပြန်မလာတက်ပေ။
"ဂျက်!...ဂျောက်!....''
အသံတွေမရပ်သဖြင့် ရှောင်းကျန့် နေရာမှထလာကာ တံခါးဆီသို့တိုးလာမိသည်။
သူများပြန်လာတာလား။
သူပြန်လာတိုင်း ရှောင်းကျန့် တံခါးဖွင့်ပေးခဲ့ရတာ မဟုတ်ပါ ။
အထဲက တံခါးကို လော့မချဘဲ ထားလိုက်ရုံနှင့် အပြင်တံခါးကို သူ့ဘာသာဖွင့်ပြီး ဝင်လာတာပဲ ဖြစ်သည်။
အခုက အထဲက တံခါးကိုပါ လော့ချထားပြီးပြီမို့ ဖွင့်ကြည့်ရခတ် ဒီအတိုင်း နားထောင်နေရမလာ စဉ်းစားရင်း တံခါးလော့ကို ဆုပ်ကိုင်ကာ ငြိမ်သက်နေမိသည်။
"တောက်!....''
"ဂျိမ်း!...ဂျက်!...''
တက်ခေါက်သံနှင့် တံခါးကို ဆွဲခါပစ်လိုက်သံ ထပ်တူကြားလိုက်ရပြီး....
"ရှောင်းကျန့်....ဟေ့!ရှောင်းကျန့်!!..''
"ဟင်!...''
ထူးလိုက်တာ မဟုတ်ဘဲ မယုံနိုင်သလို ဟင်ခနဲ ဖြစ်သွားသည်။
ကြားလိုက်ရတာ ဝမ်ရိပေါ် ရဲ့အသံမှန်းသိသည်။
ဒါပေမယ့် တစ်ခုခု ဝေဒနာ ခံစားနေရတာမျိုးလား....