Zawgyi
ရှောင်းယွိ တစ်ယောက် ရှောင်းကျန့် အတွက် ဆန်ပြုပ်ပြုပ်ပေးပြီး အခန်းထဲဝင်လာတော့ ရှောင်းကျန့်ကို မတွေ့ရ။
"ကျန့်ကျန့်ရေ....ကျန့်ကျန့် ...''
သူအိမ်ထဲမှာ ကျန့်ကျန့်ကို မတွေ့၍ ခြံထဲဆင်းလာခဲ့လိုက်သည်။
သူတို့ညီအစ်ကို နေတဲ့အိမ်လေးက မြို့ထဲနဲ့ဝေးတဲ့ ရပ်ကွက်လေးတစ်ခုက တစ်ထပ်အိမ်လေး။
အပြင်ဘက်တွင် ကောင်ကင်တစ်ခွင်လုံးညှိုမှိုင်းနေကာ မကြာခင်မှာ မိုးက သဲသဲမဲမဲ ရွာချတော့မည့်ပုံပင်။
ဒီကလေး နေကလည်း သိပ်ကောင်းတာမဟုတ်ပဲနဲ့ ဘယ်သွားနေပါလိမ့်။
ရှောင်းယွိ ခြံထဲဆင်းပြီး ရှာကြည့်လိုက်တော့ levender ပန်းခြံဘေးက ဒန်းလေးပေါ်မှာ ခေါင်းလေးစောင်းပြီး အိပ်ပျော်နေတဲ့ ရှောင်းကျန့်....
အဖြူရောင်ပါးပါး ရှပ်အင်္ကျီ တစ်ထည်ကို ချည်သားဘောင်းဘီ အညိုရောင်လေးနှင့် တွဲဝတ်ထားသည့် သူ့ညီလေးက တကယ့်ကို ဖြူဖြူစင်စင် ကလေးငယ်လေး.....
ရှောင်းကျန့်ရဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ပုံစံလေးကို မနှိုးရက်တာ ကြောင့် သူ အသာလေး ပွေ့ခဲ့လိုက်သည်။
အရင်က အမြဲတမ်း ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ ရှိသော ကလေးက ရွာက ပြန်လာပြီးကတည်းက အရင်လိုမဟုတ်တော့။
အမြဲတမ်း တမှိုင်မှိုင် တစ်ထွေထွေ ငူငူငိုငိုင်နှင့်ပင် ။
မျက်လုံးကို ခွဲစိတ်လိုက်၍ ပြန်ကောင်းသွားသည့် တိုင်အောင် ပျော်ပျော်ရွှင်ရွှင်မရှိ။
မိုးရွာသည့် အချိန်တိုင်း တစ်ခုခုကို ကြောက်လန့်လာသလို ဖြစ်နေတက်ပြီး ရွာမှာ ဘာဖြစ်ခဲ့လဲဆိုတာကို ဘယ်လိုမေးမေး ခေါင်းသာတွင်တွင် ခါယမ်းပြီး ဘာမှမဖြေ။
ရှောင်းယွိ ရှောင်းကျန့်ကို အသာပင်ပွေ့ချီကာ အိမ်ထဲ ပြန်ဝင်လာပြီး ဆိုဖာပေါ်မှာ အသာလေးချလိုက်တော့ ရှောင်းကျန့်က လူးလွန့်လာပြီး.....