Zawgyi
"ရိပေါ် ငါဘယ်သူ့ကို ခေါ်လာလဲ ကြည့်စမ်း.......''
ရုံးခန်းမှာ စာရင်းတွေပြန်စစ်နေတုန်း အခန်းထဲဝင်လာတဲ့ လုဖေး။
ရိပေါ် စာရင်းစစ်နေရာမှ ဘာရယ်မဟုတ် မော့ကြည့်မိသည်။
"ဘယ်သူလို့ထင်လဲ.......''
ဝင်လာတဲ့လုဖေးအနောက်မှာ တစ်ယောက်ယောက်ရပ်နေတယ်ဆိုတာသိပေမယ့် လုဖေးကိုယ်လုံးနှင့်ကွယ်နေတာကြောင့် ဘယ်သူမှန်းမမြင်ရ။
ဝမ်ရိပေါ် မျက်မှောင်ကြုံ့လိုက်တော့မှ လုဖေးက ရယ်ကျဲကျဲနှင့် ကွယ်ထားရာမှ ဖယ်ပေးသည်။
"ဟင်! ရန်မီ.......''
"Right......''
လုဖေးက လက်ဖျောက်တစ်ချက်တီးကာ ဘေးကဆိုဖာမှာ ဝင်ထိုင်လိုက်သည်။
"ဟုတ်တယ် ရန်မီကို ငါခေါ်ခဲ့တာ.....ရန်မီ လာထိုင်လေ.......''
ရန်မီက အခုထိ စကားတစ်ခွန်းမှမပြောဘဲ လုဖေးဘေးမှာ ဝင်ထိုင်လိုက်သည်။
သူနဲ့ ရန်မီနဲ့က တက္ကသိုလ်မှာ တွေ့ကြတာဖြစ်သည်။
သူငယ်ချင်းမက ရည်းစားမကျနှင့် ကျောင်းသာပြီးသွားတယ် သူကိုယ်တိုင်ကရော ရန်မီအပေါ် စိတ်ရှိလားမရှိလားဆိုတာပင် မသေချာခဲ့။
ကျောင်းပြီးခါနီးမှ ပြသနာတစ်ခုကြောင့် ပတ်သက်မှုတွေကိုသူ့ဘက်ကရပ်ဆိုင်းပြစ်ခဲ့တာ။
ဒီလိုနဲ့ပဲ ကျောင်းပြီးတော့ ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း မတွေကြတော့တာပင် နှစ်အတော်ကြာနေပြီဖြစ်သည်။
အခုပြန်တွေ့တော့လည်း နှစ်ယောက်သား ဘယ်လိုစပြီး စကားဆိုရမှန်းမသိဖြစ်နေကြပြန်သည်။
ထိုအခြေအနေကို လုဖေးကပဲ ဝင်ထိန်းလိုက်ကာ.......
"ရိပေါ် မင်းအတွင်းရေးမှူးလိုနေတယ်မှတ်လား......ရန်မီကလည်း Business နဲ့ပဲကျောင်းပြီးထားတာဆိုတော့.......''