Zawgyi
ဆေးရုံက ဆင်းခါနီးမှ ခေါင်းကဒဏ်ရာက မသက်သာသဖြင့် တစ်ရက်ထပ်ကြာခဲ့သည်။
အခုပြန်ဆင်းလာတဲ့အထိ ဝမ်ရိပေါ်ဆိုတဲ့ သူရောက်မလာခဲ့ပါ။
သုံးရက်လို့ပြောသွားပေမယ့် ယခုပင်တစ်ပတ်ကျော်နေပြီဖြစ်သည်။
မမျှော်လင့်သင်တဲ့အရာ မမျှော်သင့်တဲ့သူကိုပဲ ရှောင်းကျန့် ရူးရူးမိုက်မိုက်နဲ့ မျှော်လင့်နေခဲ့မိတာလား။
အနားမှာ အားပေးနှစ်သိပ်နေသည့် ချင်းဟန်ကောကလည်း အားမငယ်ဖို့ တတွတ်တွတ်ပြောရင်း လိုအပ်သမျှကို လုပ်ကိုင်ပေးသည်။
ချင်းဟန်ကော က အိမ်လိုက်ပို့ပေးပြီး အလုပ်က အရေးတကြီး ခေါ်သဖြင့် ပြန်ထွက်သွားရပြန်သည်။
ဆေးရုံတက်လိုက်ရကတည်းက ကျိတ်၍ ဆုံးဖြတ်ပြီးသားမို့ ချင်းဟန်ကော မရှိတော့တာနှင့် ရှောင်းကျန့် ကိုယ့်အတွက် အရေးတကြီး လိုအပ်သည့်ဆေးနှင့် အဝတ်နှစ်စုံ သုံးစုံလောက်ကို လက်ဆွဲအိပ်လေးထဲထည့်ကာ ချင်းဟန်ကော ဖွင့်ထားခဲ့သည့် အိမ်တံခါးပေါက်တွေကို ပြန်ပိတ်လိုက်သည်။
လူကလှုပ်ရှားနေရင်း စိတ်တွေက ကယောက်ကယက် နှင့် လောင်မြိုက်နေသည်။
သည်အရိပ် သည်နေရာဟာ သူ့အတွက် ခေတ္တနားခိုရာ ဇရပ်တစ်ဆောင်လား....
ဒါမှမဟုတ် မဖြစ်မနေခိုကပ်ပြီးနေနေရတဲ့ နေရာတစ်ခုလားဆိုတာကိုလည်း ဝေခွဲမရတော့။
သံယောဇဉ် မပါ အချစ်ဗလာနှင့် ဝမ်ရိပေါ် ဆိုတဲ့လူ၏ မလွှဲမကင်းသာ၍ စောင့်ရှောက်ခြင်းကို မျက်နှာပြောင်ပြောင် ခံယူခဲ့မိတာကလည်း ကိုယ်ပဲဖြစ်သည်။
ဟုတ်တယ် သူထွက်သွားရင် အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်လာလိမ့်မည်။
တစ်ချိန်ချိန်မှာများ နူးညံ့လာတတ်လေမလားဟု မျှော်လင့်ခဲ့မိတာတွေ လည်းပြီးဆုံးခဲ့ပြီ။
ဒီဘဝ ဒီမျှနဲ့ပင်ရှိစေတော့။
ထိုစဉ်...