Zawgyi
"မင်းထန်ကော ကားရပ်ပေး.......''
ကားလေးက လမ်းထဲကိုချိုးဝင်ခါနီးမှ ရှောင်းကျန့်ရဲ့အသံကြောင့် ကားမောင်းနေတဲ့မင်းထန်ရော ရှောင်းကျန့်နဲ့အတူဘေးချင်းယှဉ်လျှက်နောက်ခန်းမှာထိုင်နေတဲ့ ဝမ်ရိပေါ်ပါအံ့သြသွားသည်။
"ဘာဖြစ်လို့လဲကျန့်ကျန့် အိမ်ရောက်တော့မယ့်ဟာကို......''
"မင်းကလည်းရှည်ကိုရှည်တယ် သူက ရပ်ပေးဆိုရပ်လိုက်ပေါ့......''
အဲ့လိုပါပဲ ရှောင်းကျန့်မျက်နှာတစ်ချက်အညှိုးမခံတဲ့ ဝမ်ရိပေါ်က ဘာကိစ္စကြောင့် ကားရပ်ခိုင်းတယ်ဆိုတာကိုမသိပေမယ့် ခပ်တည်တည်နဲ့ကြားထဲကနေမင်းထန်ကိုဟောက်စားလုပ်ပါတယ်။
"ဒီကနေအိမ်ကိုလမ်းလျှောက်ပြီးပြန်ချင်လို့.....ဒီလောက်ရာသီဥတုသာယာနေတာ ဝမ်ရိပေါ်နဲ့အတူလမ်းလျှောက်ချင်လို့.......''
သဘောပေါက်သွားတဲ့မင်းထန်က ကားလေးကိုဘေးချရပ်လိုက်တယ်၊ ဝမ်ရိပေါ်မျက်နှာကတော့ ပြုံးတုံးတုံးနဲ့ ရှောင်းကျန့်ကိုငေးကြည့်လို့ကောင်းနေတုန်း။
"ခွေးကောင်! ဆင်းတော့! မင်းရဲ့စောင်းနေတဲ့ဇတ်အတွက် ငါအားတဲ့တစ်ရက်မှ အလိုင်းမန့်ပြန်ချိန်ပေးမယ်!.......''
သူတို့နှစ်ယောက်အောက်ရောက်တာနှင့် မင်းထန်ကကားကိုဝှီခနဲမောင်းထွက်သွားတော့သည်၊ အချိန်ကခုနှစ်နာရီကျော်ကျော်ရှစ်နာရီလောက်ဖြစ်နေသည့်အတွက် ညကောင်ကင်မှာ ကြယ်ရောင်တွေကပြိုးပြက်လင်းလက်နေတယ်၊ ရှောင်းကျန့်လက်တစ်ဖက်ကိုထွေးဆုပ်ပြီး ဝမ်ရိပေါ်က ကြယ်ရောင်ဖြောက်ဖြောက် လရောင်တောက်တောက် ညကောင်းကင်ကိုငေးတယ်၊ ရင်ထဲမှာလည်းကြည်နူးပီတိဖြစ်နေတယ်၊ အခုအချိန် သူ့ကြည်နူးခြင်းတွေက လောကတစ်ခုလုံးအပိုင်စားရထားတဲ့လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေနဲ့ညီမျှတယ်။
"အေးလား......''
နှာထိပ်လေးတွေရဲနေတဲ့ကောင်လေးကို ငဲ့ကြည့်ရင်းမေတော့ခေါင်းလေးခါပြတယ်၊ အေးတယ်လို့ဖြေလိုက်တာနဲ့ ဝမ်ရိပေါ်ကအပေါ်ထပ်လောင်းကုတ်ကိုချက်ချင်းချွတ်ပေးမှာကိုသိနေတဲ့ရှောင်းကျန့်က ချမ်းနေရဲ့သားနဲ့ကိုပေတေးပြီး ခေါင်းခါပြတာဖြစ်သည်၊ နီရဲရဲနှာခေါင်းထိပ်ကလေးကို လက်ညှိုးနဲ့တောက်လိုက်တော့ အေးစက်စက်အထိအတွေ့လေး။