Zawgyi
"ခွမ်း!!.....''
"အ.....''
မျက်လုံးဖွင့်ဖွင့်ချင်း ကြားလိုက်ရတဲ့အသံတွေကြောင့် ဝမ်ရိပေါ် ခေါင်းထောင်ကြည့်မိသည်။
အသံတွေက မီးဖိုးခန်းဘက်က ကြားနေရတာဖြစ်သည်။
ခမ်မြန်မြန်ထွက်ကြည့်လိုက်တော့ မီးဖိုခန်းစားပွဲဘေးမှာ ငုတ်တုတ်လေးထိုင်နေတဲ့ ရှောင်းကျန့်။
ဘေးမှာလည်း ဖန်ကွဲစတွေရော ကော်ဖီတွေရော ပြန့်ကျဲလျှက်။
"ရှောင်းကျန့်.....''
ခေါ်လိုက်ပေမယ့် ပြန်မတုန့်ပြန်လာတာကြောင့် ဝမ်ရိပေါ်ရဲ့ မျက်ခုံးတွေက အလိုလိုကြုံ့သွားရသည်။
"ကျစ်! ရှောင်းကျန့် ဘာဖြစ်တာလဲ......''
စိတ်မရှည်ခြင်းနှင့်အတူ တစ်ဆက်ထဲ အနားရောက်လာကာ သူ့ခန္ဓာကိုယ်ကို ဆွဲပွေ့လိုက်တာကိုပါ သိလိုက်ပေမယ့် ရှောင်းကျန့်ဘာမှပြန်မပြောနိုင်။
နှောက်ကျိရီဝေနေတဲ့ခေါင်းကြောင့် မျက်ဝန်းတွေကိုသာ အားယူပြီးအနိုင်နိုင်ဖွင့်နေရသည်။
ခုတစ်လော ခေါင်းကရက်ဆက်ဆိုသလို ကိုက်နေတတ်တာက ဘာကြောင့်မှန်းမသိ။
ဝမ်ရိပေါ် အသာလေးချပေးလိုက်တဲ့ ဆိုဖာပေါ်မှာသာ ရှောင်းကျန့် ငြိမ်ငြိမ်လေးထိုင်နေမိသည်။
"ရှောင်းကျန့်......''
"ဟင်......''
သူခေါ်တော့ မျက်လုံးတွေ မှိတ်လျှက်သားနှင့် ခပ်ဖျော့ဖျော့ပြန်ထူးလာတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ် စိုက်ကြည့်နေမိသည်။
ဖန်ကွဲစတွေနှင့်ကော်ဖီတွေပြန့်ကျဲနေတဲ့ကြားက ရှောင်းကျန့်ကိုတွေ့လိုက်ရတော့ သူတကယ်စိတ်ပူသွားမိတာအမှန်ပင်။
အတန်ကြာတော့ ရှောင်းကျန့်က မျက်လုံးလေးတွေပွင့်လာပြီး.....