Zawgyi
"ဝမ်ရိပေါ် ခင်ဗျားသိလား.......''
"အင်း.......''
"ပြောပြနေတာကို သေချာနားထောင်လေ........''
"အေးပါကွာ......''
"ကြည့်ကြည့် တွေ့လာ....လေသံက စိတ်မရှည်တော့ဘူး!ဟွန့်!......''
"မဟုတ်ပါဘူးကွာ......''
"ခင်ဗျားကျွန်တော့ကိုတကယ်မချစ်ပါဘူး......''
ဒါကအခုဖြစ်ပျက်နေတဲ့ အခြေအနေတစ်ခုပင်၊ ဧည့်ခန်းက ဆိုဖာမှာ Laptop တစ်လုံးနဲ့အလုပ်ရှုပ်နေတာက ဝမ်ရိပေါ်၊ သူ့ပေါင်ပေါ်မှာ ခေါင်းအုံးရင် သူ့ကြည့်ထားသမျှ Drama တွေအကြောင်းပေါက်ပေါက်ဖောက်နေတဲ့သူကရှောင်းကျန့်။
ပြောသမျှကိုအလိုက်အထိုက်လေး မသိလည်း သိသလို တစ်အင်းအင်းနှင့်ထောက်ခံပေးနေရသည်၊ တစ်ချက်တစ်ချက်ထောက်ခံတာများနောက်ကျသွားရင် ကြည့်ထားတဲ့ Drama တွေထဲကအတိုင်း ရစ်တယ် ကောက်တယ်၊ ဝမ်ရိပေါ်ကတော့ ထိုလူသားကို ချစ်တယ် မြတ်နိုးရတယ်ပါပဲ။
အတန်ကြာငြိမ်ကျသွားတဲ့ ရှောင်းကျန့်ကို အလုပ်တစ်ဖက်နဲ့ဖြစ်တဲ့အတွက် ဝမ်ရိပေါ်သတိမထားမိလိုက်ပေ၊ စစ်စရာရှိတာစစ် လုပ်စရာရှိတာတွေလက်စသတ်ပြီးတော့မှ သူ့ပေါင်ပေါ်ကငြိမ်နေတဲ့ ရှောင်းကျန့်ကိုသတိတရကြည့်မိသည်၊ နှုတ်ခမ်းချွန်ချွန်လေးကိုစူထော်ပြီး တစ်ခုခုကိုလေးလေးနက်နက်စဉ်းစားနေသည့်ဟန်။
"ရှောင်းကျန့်.......''
ဒီရက်ပိုင်းအစားပုတ်လေးဖြစ်လာတဲ့ ရှောင်းကျန့်က ပါးလေးနှစ်ဖက်ဆိုရင်ဖောင်းအိနေတာပဲ၊ ထိုပါးတွေအပေါ် အခါမလပ်နှာခေါင်းနစ်တတ်တာက ဝမ်ရိပေါ်၊ ဝမ်ရိပေါ်က ထိုအသဲယားဖွယ်ပါးဖောင်းဖောင်းလေးကိုဆွဲညစ်လိုက်ပြီး......
"နှုတ်ခမ်းကြီးကလည်းကွာ....စူထော်နေတာပဲ အဲ့ဒါဘာဖြစ်နေတာလဲ.......''
"ကိုကို.......''
ရှောင်းကျန့်ရဲ့စိတ်လိုလက်ရ ကိုကိုလို့ခေါ်သံတစ်ခွန်းလေးကတင် ဝမ်ရိပေါ်အတွက် နှလုံးသားတစ်ခုလုံးဂျွမ်းပြန်ကျသွားလောက်သည်အထိအကြိမ်ကြိမ်အခါခါသေစေပါသည်။