Zawgyi
ရှောင်းကျန့် အိပ်ယာ နိုးနိုးချင်း ဘေးဘီကို ကြည့်လိုက်တော့ အလန့်တကြား ဖြစ်သွားသည်။
သူ့ရုတ်တရက်စဉ်းစားလို့မရ။
မနေ့က ဟိုလူ ဝမ်ရိပေါ် နှင့် သူလိုက်လာခဲ့ပြီး ကားပေါ်မှာတင် အိပ်ပျော်သွားခဲ့သည်။
အခုဘယ်ရောက်နေတာလဲ။
အိပ်ပျော်နေတဲ့ ဆိုဖာပေါ်ကနေ အားယူပြီး ထလိုက်တော့ အလိုက်မသိတဲ့ ခြေထောက်တွေကြောင့် ယိုင်လဲကျသွားသည်။
ရုတ်တရက် ခန္ဓာ ကိုယ်တစ်ခုလုံး အနောက်ဖက်မှ ရင်ခွင်ကျယ် တစ်ခုထဲသို့ ပစ်ဝင်သွားသောခံစားမှု....
အထိတ်တလန့် မော့ကြည့်မိတော့ သူ့တစ်ကိုယ်လုံးကို အနောက်ဖက်ကနေ ကိုင်ထိန်းထားပေးပြီး မျက်ခုံး ထူထူနှစ်ဖက်ကို တွန့်ကုတ်ကာ သူ့ကို ပြန်ငုံ့ကြည့်နေတဲ့ ဝမ်ရိပေါ်......
"ခင်...ခင်ဗျား..... ''
"မင်းခြေထောက်က လှုပ်လှုပ်ရှားရှား လုပ်လို့မရသေးဘူး...ဘာဖြစ်လို့ထလာတာလဲ.....''
ရိပေါ် က ပြောရင်း ရှောင်းကျန့် ကို ဆိုဖာပေါ် ပြန်ချပေးသည်။
သူပြောတာကို ရှောင်းကျန့်က မဖြေဘဲ သူမေးချင်တာကိုသာ ပြန်မေးမိသည်။
"ကျွန်...ကျွန်တော်က ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ.... မနေ့က ခင်ဗျား ကားပေါ်မှာ မဟုတ်ဘူးလား.....''
"ကားပေါ်မှာ မင်းအိပ်ပျော်သွားလို့ ငါခေါ်ခဲ့တာ.....''
"ခင်ဗျားက ကျွန်တော့ကို ဟို....ဘယ်လို.....''
"သိပ် ဝမ်းသာမနေနဲ့ မင်းခြေထောက်က ဒဏ်ရာနဲ့ မို့လို့ ငါပွေ့ပြီးခေါ်လာတာ.....ဒီအိမ်က မင်းနဲ့ငါ အခုနေရမယ့် အိမ်ပဲ....''
ဝမ်ရိပေါ် ရဲ့အပြောကြောင့် ရှောင်းကျန့် မျက်နှာလေး ညှိုးကျသွားသည်။
အိမ်လေးကို ကြည့်လိုက်တော့ တစ်ထပ်အိမ်အပု ခပ်သေးသေးလေးပဲဖြစ်သည်။
"ခင်ဗျားလည်း အတူတူနေမှာလား....''
"အတူတူ မနေလို့ဘယ်မှာသွားနေရမှာလဲ....ငါကလည်း တစ်နေ့လုပ်မှ တစ်နေ့စားရတာ ပိုင်ဆိုင်တဲ့အိမ်ဆိုလို့ ဒီအိမ်ပဲရှိတာ....ဒီမှာပဲနေရမှာပေါ့....အခုလည်း ပါစပ်တစ်ပေါက်တိုးလာပြီး ဆိုတော့ စားဖို့သောက်ဖို့အတွက်အလုပ်လုပ်ရအုံးမယ်....မင်းဗိုက်ဆာရင် ခေါက်ဆွဲ ထုပ်တွေတော့ရှိတယ် ကိုယ်ဘာသာကိုယ်သာ လုပ်စား....ငါကအိမ်ပြန်နောက်ကျမယ်.....ဪ ပြီးတော့ နောက်ရက် မင်းနဲ့ငါ လက်ထပ်ဖို့ ကိုလည်း စီစဉ်ရအုံးမယ်.... ''