Zawgyi
"ကိုကို!.......''
အခန်းထဲက ခေါ်သံစူးစူးလေးကြောင့် ဖတ်လက်စစာအုပ်ကိုပစ်ချပြီး သူခပ်မြန်မြန်လေးအခန်းထဲဝင်ခဲ့လိုက်သည်။
တစ်ခုခုခိုင်းချင်ပြီဆို အခေါ်အဝေါ်ကအစပြောင်းလဲသွားတတ်တဲ့ယုန်ပေါက်စကို သူ့မှာအသဲတစ်ယားယား။
သူ့မှာ ကြားချင်လွန်းလို့အကြိမ်ကြိမ်ခေါ်ခိုင်းပေမယ့် ဂျစ်တူးယုန်ပေါက်က သူခေါ်ချင်မှခေါ်သလို ခိုင်းစရာရှိမှလည်းခေါ်တတ်သည်။
အခုလည်းအခန်းထဲရောက်တော့ Necktie ကို လက်မှာကိုင်ပြီး နှုတ်ခမ်းကအရှေ့ကိုတစ်တောင်လောက်ထော်ထွက်နေသေးသည်။
စိတ်ရှိလက်ရှိသာ နမ်ပစ်လိုက်ရင်လည်း ဝမ်ရိပေါ်တို့လွန်တယ်ဖြစ်မယ်။
သူဝတ်ခိုင်းထားတဲ့ အနက်ရောင် suit က ဘောင်းဘီနဲ့အဖြူခံရှပ်ကိုတော့ဝတ်ထားပေမယ့် အပေါ်ထပ်ကုတ်ကတော့ အိပ်ယာထက်မှာအပုံလိုက်ကျန်နေသေးသည်။
"ဒါကြီးစီးမှအဆင်ပြေမှာလား.......''
Necktie ကို ရှေ့ကိုထိုးပြရင်းပြောလာတဲ့ ဂျစ်တူးလေးက တော်တော်လည်းဒေါသထွက်နေတဲ့ပုံရသည်၊ ဆူထော်ထားတဲ့နှုတ်ခမ်းလုံးလုံးတွေကို အသဲယားတဲ့ပုဒ်မနဲ့ ဝမ်ရိပေါ် ကိုက်ပြစ်လိုက်ချင်တယ်။
"ဟင်းလို့ ဝမ်ရိပေါ်!! ဒါကြီးစီးမှ အဲ့ပွဲကိုသွားရမှာလားလို့.....ကျွန်တော်မစီးတတ်ဘူး.......''
Necktie ကို သူ့လက်ထဲထည့်ပေးပြီး နှုတ်ခမ်းလေးစူ မျက်နှာလေးမော့ပြီး မျက်လုံးဝိုင်းဝိုင်တွေနဲ့မော့ကြည့်ရင်း ချွဲလာပါတဲ့အချွဲပိုလေး။
"ဝမ်ရိပေါ်!!......''
သူ့ကိုငေးကြည့်ပြီးမတုန့်ပြန်တဲ့ ဝမ်ရိပေါ်ကြောင့် နှုတ်ခမ်းလေးပိုစူသွားကာခပ်ဆောင့်ဆောင့်ထပ်ခေါ်တယ်၊ ဝမ်ရိပေါ်အသဲယားလွန်းလို့ ပါးနှစ်ဖက်ကိုဆွဲညစ်ပြီး စူနေတဲ့နှုတ်ခမ်းလေးကို ပြွတ်ခနဲ့မြည်အောင်ကိုနမ်းပြစ်လိုက်မိသည်။
"ဟာ!......''
"ကိုကိုလို့ခေါ်လေ.......''
"ဆုတောင်းလေ! အင့်ဟာ!......''