Zawgyi
လူကို ထင်သလိုဆွဲလွဲလာခဲ့တဲ့သူကြောင့် ဘယ်လိုပင် အိမ်ထဲရောက်လာသည်ကိုပင် မသိတော့။
အိမ်ထဲရောက်တာနှင့် ဆိုဖာပေါ်ကို အကြမ်းပတမ်းတွန်းလှဲလိုက်တာကြောင့် ရှောင်းကျန့်ကျောတွေပင်အောင့်သွားရသည်။
"အ!.....''
"တောက်!....."
တက်ခေါက်သံအကျယ်ကြီးကြောင့် ရှောင်းကျန့်ခန္ဓာကိုယ်လေး တုန်တက်သွားတယ်။
မဝံ့မရဲမော့ကြည့်မိတော့ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့သူ့ကိုစိုက်ကြည့်နေတဲ့ ဝမ်ရိပေါ်။
"တောက်!...ကွာ!......''
ပုခုံးနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်တော့ မော့ကြည့်လာတဲ့မျက်ဝန်းညိုတွေကိုမြင်ပြီး လူကစိတ်မထိန်းနိုင်ဘဲ နှုတ်ခမ်းတွေကို အတင်းဖိကပ်နမ်းမိသည်။
"အင့်.....ဝမ်.....ဝမ်ရိပေါ်........ ''
"ပြောစမ်း! ငါအိမ်ပြန်နောက်ကျတိုင်း မင်းအဲ့အကောင်နဲ့ အဲ့လိုမျိုးသွားလာနေကြလား......ဟမ်း!ပြောလေ!....."
ဒေါသနှင့်အတူ ပုခုံးကိုဖိညှစ်ထားတဲ့လက်တွေက ပိုတင်းကြပ်လာတော့ ရှောင်းကျန့်အသဲခိုက်အောင် နာလာတယ်။
"မ...မဟုတ်ဘူး.....ကျွန်တော်ရှင်းပြ......''
"မလိုချင်ဘူး.......''
ခပ်ပြတ်ပြတ်စကားသံနဲ့အတူ နောက်တစ်ကြိမ်ကျရောက်လာတဲ့ အနမ်းကြမ်းကြမ်းတွေ။
ပါးပြင်ကို လက်တစ်ဖက်နဲ့ဖိညှစ်ပြီး နှုတ်ခမ်းတွေကိုခပ်ပြင်းပြင်းစုပ်ယူတယ်။
အတွင်းထဲအထိဝင်လာတဲ့ လျှာဖျားရဲ့ချယ်လှယ်မှုကို အလူးအလှိမ့်ခံနေရသောကြောင့် ရှောင်းကျန်အသက်ရှူလို့ပင်မဝတော့။
တစ်ကိုယ်လုံး တုန်ယင်ပြီး ရင်ဘက်တွေလည်း မီးစနဲ့ထိုးသလို တစ်ဆစ်ဆစ်ထိုးအောင့်လာတယ်။
ဝမ်ရိပေါ် နမ်းနေရင်းမှ သူ့ရင်ဘက်ကို တွန်းထုတ်လာတဲ့ လက်နုနုနှစ်ဖက်ကို ချုပ်ကိုင်ကာခေါင်းပေါ်တင်လိုက်တယ်။