Zawgyi
"မင်းနိုးနေတာလား........''
"အမလေး!!....."
ခါးကိုရုတ်တရက် သိုင်းဖက်လိုက်ခြင်းနှင့်အတူ လည်ကုတ်ထက်မှ နွေးခနဲဖြစ်သွားတဲ့အထိအတွေ့ကြောင့် ရှောင်းကျန့်အလန့်တကြားဖြင့် အမလေးတောင်တလိုက်မိသည်။
"အဟွန်း.......''
"ခင်ဗျား ဘာလုပ်တာလဲ လွှတ်ပေး.......''
အနောက်ကနေ သိုင်းဖက်ထားခြင်းကြောင့် ရှောင်းကျန့်ရဲ့ ကိုယ်လုံးသေးသေးက သူ့ရင်ခွင်မှာ နှစ်မြုပ်လို့နေသည်။
ခါသိမ်သိမ်လေးကို ဆွဲလှည့်လိုက်တော့ အလန့်တကြားဖြင့် ကြည့်လာတဲ့ မျက်ဝန်ညိုတွေဟာ သိပ်လှတယ်။
"မင်း နေကောင်းပြီမို့လို့လား......''
မျက်နှာချင်းဆိုင် ဖက်လျှက်သား ငုတ်မိုးရင်းမေးလာတဲ့ သူ့လေငွေ့နွေးနွေးက ရှောင်းကျန့်ရဲ့ ရဲ့ နဖူးပြင်ကို ရိုက်ခတ်နေတယ်။
ရင်ခုန်သံတွေ မြန်လာမှုကြောင့် သူ့ရင်ဘက်ကို လက်နဲ့တွန်းရင်း ရှောင်းကျန့်ရုန်းနေမိတယ်။
"ခင်းဗျားဘယ်လိုဖြစ်နေတာလဲ.....ကျွန်တော် မနေတတ်ဘူး ဖယ်ပေး......''
ရှောင်းကျန့် သူ့မျက်နှာကို မကြည့်ဘဲ လက်တွေနှင့် တွန်းဖယ်ရင်း ပြောတော့ သူက ရှောင်းကျန့်လက်တွေကို သူ့လက်တစ်ဖက်နှင့် ဖမ်းချုပ်ရင်း မျက်နှာကို ငုံ့ကာ.....
"မင်း ကိုယ်မေးတာ အရင်ဖြေအုံးလေ.....''
ဟင့်အင်း ရှောင်းကျန့် ဒီအနေအထားကြီးကို မကြိုက်ဘူး။
လှိုက်ခုန်လာတဲ့ ရင်ခုန်သံတွေကြောင့် ရင်ဘက်အစုံက နိမ့်ချည်မြင့်ချည်တကယ့်ကို ထိန်းချုပ်ရခတ်လှသည်။
"ကျွန်တော် နေကောင်းနေပြီ ဖယ်ပေး.......''
ဝမ်ရိပေါ် ရှက်ရမ်းတွေရမ်းပြီး သူ့ရင်ဘက်ကို အတင်းတွန်ထုတ်နေတဲ့ အကောင်ပေါက်လေးကိုကြည့်ပြီး ပြုံးလိုက်မိသည်။