ဒဏ္ဍာရီထဲက ဖူရှင်း
စာစဉ်(၅၂)
အပိုင်း (၇၆၂): လူနည်းစု
“ ဒီနေရာမှာ အားလုံးရဲ့ တန်ခိုးအဆင့်က အတူတူပဲ…ဒါပေမဲ့ ဘယ်သူကမှ စိတ်နယ်လွန်လောကဓာတ်ကို နားလည်ဆင်ခြင်ထားလို့ မရှိဘူး… ပုံမှန်အားဖြင့် ကျုပ်တို့က စိတ်နယ်လွန်လောကဓာတ်နဲ့ရင်ဆိုင်ရာမှာ အရေးနိမ့်မှာပဲ… ငါတို့က သူမ မတိုက်ခိုက်ခင် တိုက်ခိုက်မှာသာ အခွင့်အရေးရှိလိမ့်မယ်… တစ်ယောက် ပြောသည်။
ထိုအခိုက်တွင် တခြားလူများကလည်း ဟွာဂျီယူကို စတင်တိုက်ခိုက်ကြတော့သည်။ ဤသို့သော စွမ်းရည်ရှိသူနှင့် ရင်ဆိုင်ရာတွင် လက်ဦးမှုယူရန်လိုအပ်ပေသည်။
ဟွာဂျီယူ၏မျက်လုံးများတွင် အရောင်များလင်းလက်သွားသည်။ ထို့နောက်တွင်ပြင်းထန်သော လျှပ်စီးတန်းများကျဆင်းလာတော့သည်။ လျှပ်စီးများကား အမှန်ပင် ပုံသဏ္ဍာန်ကင်းမဲ့ကာ တားဆီး၍ မရပေ။ ထို့နောက်တွင် ပြင်းထန်သော လျှပ်စီးများက သူတို့ထံကို ကျဆင်းလာပြီး အားလုံးက ပြင်းထန်စွာ ဒဏ်ရာရကြသည်။ လျှပ်စီးများကား သူတို့၏စိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်ခဲ့ကာ တားဆီး၍လည်း မရပေ။ သူတို့အားလုံး၏ပါးစပ်မှ သွေးများယိုစီးကျလာကြသည်။ မကြာမှီ တခြားပြည်နယ်မှ ခုနစ်ယောက်လုံးက ဟွာဂျီယူအား ကြည့်ကာ သက်ပြင်းချပြီး နောက်လှည့်ထွက်ခွာသွားကြသည်။ သူမက ခေါင်းငုံကာ ကျောက်စီရီအားတစ်ချက်ကြည့်ပြီး အကြီးအကဲဘက်ကို လှည့်ကာ အနိုင်ရသူကို ကြေညာမည့်အချိန်အား စောင့်နေလိုက်၏။
ကြည့်ရတာ မြေရိုင်းပြည်နယ်ကလည်း ပါရမီရှင်အတော်မျာများရှိတာပဲ… လူအများအပြားက ဟွာဂျီယူကိုကြည့်ကာ တွေးမိကြသည်။ မှန်သည်… သည်တစ်ခေါက် ဟွာဂျီယူ၏ပြိုင်ဘက်များကလည်း အနည်းငယ် အားနည်းကြပေသည်။ အကယ်၍သာ အားကောင်းသာ စိတ်စွမ်းအင်အားပိုင်ဆိုင်သူဖြင့်သာ ဟွာဂျီယူက တွေ့ဆုံခဲ့ပါက စိတ်ဝင်စားဖွယ်တိုက်ပွဲတစ်ခုအား သူတို့မြင်တွေ့ကြရပေမည်။
သူမ၏နေရာအား ပြန်သွားရင်းက ဟွာဂျီယူက ခေါင်းမော့ကာ ရီဖူရှင်းအား ပြုံးရောင်သန်းလျှက်ဂုဏ်ယူစွာ ကြည့်သည်။
YOU ARE READING
ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)
Randomမိမိကိုယ်တိုင်ဘာသာပြန်ထားခြင်းမဟုတ်ပါ စာရေးသူ facebookတွင်တင်ထားသည်များကို ကိုယ်တိုင်ဖတ်ရန်အတွက် သာsaveခြင်းဖြစ်ပါသည်။ စာရေးသူက ဖျက်ခိုင်းလျှင် ပြန်ဖျက်ပါမည်။