အပိုင်း (၈၄၈): လက်ရည်စမ်းပွဲ

46 4 0
                                    

ဒဏ္ဍာရီထဲက ဖူရှင်း

စာစဉ်(၅၈)

အပိုင်း (၈၄၈): လက်ရည်စမ်းပွဲ

ချင်ယွန်အဆောင်ရှေ့တွင် ကျောင်းတော်သားများစွာ လာရောက်စုစည်းနေကြသည်။

ထိုအထဲတွင် ရင်းနှီးသော မျက်နှာများကိုလည်း ရီဖူရှင်း သတိထားမိ၏။ ဥပမာ ပြည်နယ်ကိုးခုညီလာခံ၏ထိပ်သီးဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော ရီကုဟောင်လည်း ထိုလူအုပ်ထဲတွင် ရှိသည်။ ရီကုဟောင်ကား ရှီအဆင့်သို့ တက်လှမ်းပြီးဖြစ်၏။

မရေမတွက်နိုင်သော တပည့်များက ကွင်းလယ်ကို ဗဟိုပြုကာ ပတ်ပတ်လည်ဝန်းရံလျှက် ကြည့်နေကြသည်။ ရှေ့တွင် ထိုင်နေသူများမှာ ပြည်နယ်ကိုးခုကျောင်းတော်မှ လူများအပြင် တော်ဝင်မြေသုံးခုမှ ဧည့်သည်များလည်းဖြစ်ကြသည်။

ထိုအခိုက်တွင် လျူယွန်က ရုတ်တရက် ပြုံးလျှက်ပြောသည်… “ ဒီနေ့ ကျုပ်က မင်းတို့အားလုံးကို တော်ဝင်မြေသုံးခုက ဧည့်သည်တွေနဲ့ မိတ်ဆက်ပေးမယ်… ဒါက တော်ဝင်ကျဲနန်းတော်ခေါင်းဆောင် ရီဖူရှင်းနဲ့ တော်ဝင်အကြီးအကဲတို့ပဲ… သူက ပြည်နယ်ကိုးခုညီလာခံရဲ့နံပါတ်၁ ယူချင်းဖြစ်တယ်… ဒါက ကျောက်ပြည်ထောင်က ပြည်နယ်ကိုးခုရှီအဆင့်ဝင်ကျောက်ဟောင်ပဲ… ဒါက ကျောက်ရာနဲ့ ကျောက်ယိုတို့ပဲ… သူတို့နှစ်ယောက်လုံးက ကျောက်ပြည်ထောင်ဘုရင်မင်းမြတ်ရဲ့ သားတော်တွေပဲ… သူကတော့ ရှီဟွာတောင်ရှန့်ထိုရဲ့ တပည့်ဖြစ်တဲ့ လျူကျောင်းပဲ… ”

လျူယွန်၏ရိုးရှင်းသော မိတ်ဆက်မှုအပြီးတွင် ကျောင်းတော်သားများအားလုံးက အရိုအသေပေးကြသည်။

“ ဒီတစ်ခေါက် တော်ဝင်မြေသုံးခုက ယူချင်း၊ လျူကျောင်း၊ ကျောက်ရာနဲ့ ကျောက်ယိုတို့က ပြည်နယ်ကိုးခုကျောင်းတော်မှာ ကာလတစ်ခုကြာ လေ့ကျင့်ကြလိမ့်မယ်… ဒါကြောင့် ကျုပ်က မင်းတို့အားလုံးကို ခေါ်လိုက်တာပဲ… နန်းတော်သခင်ရီ၊ လျူကျောင်း၊ ကျောက်ရာနဲ့ကျောက်ယိုတို့ဆီက သင်ယူလေ့လာနိုင်ဖို့ဆိုတာ အရမ်းကို ရှားပါးတဲ့ အခွင့်အရေးပဲ… ” လျူယွန်က ပြောသည်။

“ ဟုတ်ကဲ့… ” သူတို့အားလုံးက ခေါင်းညိတ်ကြသည်။ ရီဖူရှင်းက ပြန်ပြောသည်… “ ပြည်နယ်ကိုးခုကျောင်းတော်မှာ ပါရမီရှင်တွေနဲ့ အကောင်းဆုံးသော ဆရာတွေရှိနေတယ်..ကျွန်တော်တို့ကိုယ်တိုင်က ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့မေးခွန်းတွေကို လာရှာဖွေကြတယ်… ကျွန်တော်တို့က ဘယ်လိုလုပ် တခြားလူတွေကို သင်ကြားပေးနိုင်ပါ့မလဲ… အချင်းချင်းပညာဖလှယ်တယ်ဆိုတဲ့စကားက ပိုသင့်တော်ပါတယ်…  ”

ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)Where stories live. Discover now