အပိုင်း(၈၂၅) စည်းမျဉ်းများ

55 4 0
                                    

ဒဏ္ဍာရီထဲက ဖူရှင်း

စာစဉ်(၅၆)

အပိုင်း(၈၂၅) စည်းမျဉ်းများ

“ ဒီနေ့ ကျုပ်က ခင်ဗျားတို့ကို သတင်းအချို့ပြောပြပြီး ဒီအပေါ်မှာ ပြင်ဆင်ထားစေချင်ရုံပဲ… အားလုံး လုပ်စရာရှိတာတွေ ဆက်လုပ်ကြပါ… ” ရီဖူရှင်းက ထိုသို့ ပြောကာ နောက်လှည့်ထွက်သွားသည်။

ရီဖူရှင်း၏စကားအချို့က သူတို့၏စိတ်ကို ကြီးစွာ လှုပ်ရှားစေခဲ့သည်။ နန်းတော်ကား တဖန် အင်အားကြီးမားလာခဲ့ပြီဖြစ်သော်လည်း ယခု တော်ဝင်ကျဲနန်းတော်က အရှေ့ဘက်ပြည်နယ်နှင့် စစ်ဖြစ်တော့မည်ဖြစ်သည်။

ထောင်ကျန်းနှင့် ဓားမိစ္ဆာတို့က ရီဖူရှင်း၏နောက်မှလိုက်ပါလာရင်း ဓားမိစ္ဆာက မေးသည်… “ ဒါတွေက တကယ်လား… ”

“ ဟုတ်တယ်… ” ရီဖူရှင်းက ခေါင်းညိတ်သည်… “ တော်ဝင်အကြီးအကဲ၊ အကြီးအကဲရန်တို့ကိစ္စအပြင် တခြားကိစ္စတွေအကုန်လုံးကို ဦးလေးတို့ စီမံဆောင်ရွက်လိုက်ပါ… ကျွန်တော် ဒီရက်ပိုင်း တော်တော်ပင်ပန်းလာလို့ အနားယူချင်တယ်… တကယ်လို့ သိချင်တာတွေရှိရင် ဦးလေးဝမ်ရှင်းကို မေးလို့ရပါတယ်… ”

“ ပြဿနာမရှိဘူး… ” ထောင်ကျန်းက ခေါင်းညိတ်သည်… “ ငါတို့ ဒီကိစ္စတွေကို စီမံလိုက်မယ်… မင်း သွားနားလိုက်ပါ… ”

“ ကျေးဇူးအများကြီးတင်ပါတယ်… ” ရီဖူရှင်းက ပြုံးလျှက်ပြောကာ ဂျီယူနှင့်အတူ ထွက်သွားသည်။

ရီဖူရှင်းနှင့် ယူချင်းတို့က သူတို့အဆောင်ကို ပြန်ရောက်လာသည်တွင် လူတစ်စုက ရပ်စောင့်နေသည်ကို မြင်ကြရသည်။

ယိချိန်ချန်က ယူချင်း၏ဘေးကို ရောက်လာကာ သူ၏လက်ဆောင်အား ဆွဲလျှက် ပြောသည်… “ ငါတို့ ယူချင်းက အရမ်းတော်တာပဲ…”

ရီဖူရှင်းက ပြုံးသည်။ နန်ဒူဝမ်ရန်က ရီဖူရှင်းအား ကြည့်ကာ ညင်သာစွာ ပြောသည်… “ ပင်ပန်းလာလား… ”

“ ကျွန်တော် အဆင်ပြေပါတယ်… ဆရာကတော်… ” ရီဖူရှင်းက ပြုံးလျှက်ခေါင်းညိတ်သည်။

“ သူက နန်းတော်ခေါင်းဆောင်နေရာကို တာဝန်ယူမှတော့ ဒါတွေကို ရင်ဆိုင်ဖြေရှင်းရဖို့ သေချာနေပြီးသားပဲ… ” ဟွာဖန်းလူက တီးတိုးပြောသည်။

ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)Where stories live. Discover now