အပိုင်း (၈၄၉): တော်ဝင်လမ်း၏ သားတော်များ

45 5 0
                                    

ဒဏ္ဍာရီထဲက ဖူရှင်း

စာစဉ်(၅၈)

အပိုင်း (၈၄၉): တော်ဝင်လမ်း၏ သားတော်များ

ရီဖူရှင်းက လျူယွန်ကို ကြည့်သည်တွင် သူက ပြုံးလျှက်ပြန်ပြောသည်… “ နန်းတော်သခင်ရီက အပန်းမကြီးဘူးဆိုရင် ပြည်နယ်ကိုးခုကျောင်းတော်က လူငယ်တွေကို ကူညီသင်ပြပေးပါဦး… သူတို့က ပြင်ပလောကမှာလည်း ထူးခြားထက်မြက်တဲ့လူတွေရှိတယ်ဆိုတာ သိပ်မသိကြဘူး… ”

လျူယွန်၏စကားကို ကြားသည်တွင် ရီဖူရှင်းက ပြုံးလျှက်ခေါင်းညိတ်သည်။ သူက ထရပ်ကာ ကွင်းထဲကို ဝင်လိုက်ပြီး စူးရန်ကို ပြောသည်… “ ဒါက လက်ရည်စမ်းပွဲသတ်သတ်ပဲ…. အနိုင်အရှုံးက အရေးမပါဘူး… ဒါကြောင့် ရလဒ်အပေါ်မှာလည်း သိပ်မခံစားစေချင်ဘူး… ”

ရီဖူရှင်း၏အပြုအမူနှင့် ပြောစကားအရ သူကား အနိုင်ရမည်ကို အလွန်ယုံကြည်ချက်ရှိနေဟန်ရသည်။

ဒါ…

“ စရအောင်…. ” စူးရန်က တည်ငြိမ်စွာ ပြောပြီး သူ၏ကိုယ်ရောင်ကိုယ်ဝါကို ထုတ်လွှတ်လိုက်၏။

လောကဓာတ်က ကောင်းကင်နှင့်မြေပြင်အကြား စတင်ရိုက်ခတ်လာခဲ့သည်။ ရီဖူရှင်း၏နောက်တွင် လူဝံပုံသဏ္ဍာန်တစ်ခုစတင်ဖြစ်တည်လာခဲ့၏။

လူဝံကြီးထံမှ အလွန်ရုန့်ရမ်းကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်လာကာ ရီဖူရှင်းထံသို့ စီးဆင်းလာသည်။

ဘန်း… ကျယ်လောင်သောအသံနှင့်အတူ လူဝံကြီးက လေဟာနယ်ကို ကျော်ဖြတ်လျှက် စူးရန်ထံသို့ လှမ်းလာသည်။

စူးရန်က လူဝံကြီးထံမှ ကြီးမားသော အရှိန်အဝါကို ခံစားမိ၏။ သူ့ခန္ဓာကိုယ်မှလည်း ကိုယ်ရောင်ကိုယ်ဝါများဖြာထွက်လာကာ တစ်ကိုယ်လုံးလည်း အပူရှိန်ပြင်းထန်နီရဲလာ၏။ သူ့နောက်တွင်လည်း ရုန့်ရမ်းကြမ်းတမ်းသော သတ္တဝါဆန်းတစ်ကောင်ပေါ်လာတော့သည်။

ဟေးရန်ကား စူးရန်ဆင့်ခေါ်ခဲ့သော သတ္တဝါဆန်းတစ်မျိုးဖြစ်သည်။ ထိုသတ္တဝါကား မီးဓာတ်ကို အခြေပြုကာ အလွန်ရုန့်ရမ်းကြမ်းတမ်း၏။ လက်မှ မီးတောက်တံကို ကိုင်စွဲကာ သူက ကောင်းကင်ထက်ကို အတင်းထိုးတက်သွားပြီး သူ့ထံလှမ်းလာသော လူဝံကြီးအား တိုက်ရိုက်ရင်ဆိုင်သည်။

ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)Where stories live. Discover now