ဒဏ္ဍာရီထဲက ဖူရှင်း
စာစဉ်(၅၅)
အပိုင်း(၈၀၅): ဟောကိန်း
ရီဖူရှင်းက အဘိုးအိုအားကြည့်ကာ ဆက်ပြောသည်။
" ပြည်နယ်ကိုးခုရဲ့ ပထမဓားဝင်္ကပါက ကျွန်တော့ကို ဖိတ်ခေါ်တာနဲ့ ဘာများပတ်သက်နေပါသလဲ။ "
သင်္ချိုင်းကုန်းကျေးရွာက မည်သည့်အရာကို စောင့်ကြပ်နေသနည်း။သူတို့က အမှန်တကယ်ကော ဓားဝင်္ကပါကို စောင့်ကြပ်နေကြသည်လား။ ပုံမှန်အားဖြင့် သူက အဘိုးအိုပြောသည်များအားလုံးကို ယုံကြည်ခြင်းမရှိပေ။
" မရဏတောင်ထဲမှာ အထဲကို ကျူးကျော်ဝင်လာတဲ့ ဘယ်သူ့ကိုမဆို သတ်ဖြတ်နိုင်စွမ်းရှိတဲ့ ဓားဝင်္ကပါတစ်ခုရှိတယ်၊ ဓားဝင်္ကပါကို မဖျက်နိုင်ခဲ့ရင် သူက သေဆုံးရမှာပဲ။ "
အဘိုးအိုက ဆက်ပြောသည် " စစ်တုရင်ရှန့်ထိုက ဝင်္ကပါပညာမှာ ပြိုင်ဘက်ကင်းတယ်၊ သူက ဝင်္ကပါထဲမှာ ပိတ်မိနေတယ်ဆိုပေမဲ့ မရဏတောင်ရဲ့ လျို့ဝှက်ချက်အချို့ကို သိသွားခဲ့ပြီးတော့ ပြင်ပလောကကို ပေါက်ကြားစေခဲ့တယ်၊ ဒါက ကျေးရွာရဲ့ ရှင်သန်ရပ်တည်မှုနဲ့သက်ဆိုင်နေတယ်၊ ကျေးရွာက လူတွေက ပုံမှန်မဟုတ်ဘဲ အရည်အသွေးမြင့်မားကြတယ်၊ ဒါက ဘာကြောင့်လို့ မင်းထင်လဲ။ "
" ကျွန်တော် မသိဘူး "
ရီဖူရှင်းက ခေါင်းယမ်းသည်။ ကြည့်ရသည်မှာ အဘိုးအိုက ပြည်နယ်ကိုးခုညီလာခံသို့ တက်ရောက်ခဲ့သည်မှာလည်း ရည်ရွယ်ချက်တစ်ခု ရှိခဲ့ပေ၏။
သူကား စစ်တုရင်ကျေးရွာ၌ ဖြစ်ပျက်ခဲ့သည်များအား လက်တွေ့ကြုံခဲ့ရပေသည်။ သတင်းများသာ အမှန်တကယ် ပျံ့နှံ့ခဲ့သည်ဆိုပါက လျူကျောင်းက လက်သည်တရားခံဖြစ်ပေမည်။ ထို့အပြင် ထိုနေ့တွင် လျူကျောင်းနှင့်ရှီဟွာတောင်ရှန့်ထိုတို့က အဘိုးအိုနှင့်ပတ်သက်၍ လူအများအား သိစေအောင် တမင်ထုတ်ဖော်ပြောကြားသည်ဟုလည်း သူခံစားရသည်။ သူတို့၏ရည်ရွယ်ချက်ကား ထင်ရှားလွန်းနေ၏။
ထို့အပြင် ကျေးရွာခေါင်းဆောင်၏စိုးရိမ်မှုကလည်း နားလည်လက်ခံနိုင်စရာအချက်ဖြစ်သည်။ သူတို့က မထွက်လာခဲ့လျှင်ပင် လျူကျောင်းက တခြားလူများနှင့် အနှေးနှင့်အမြန် ကျေးရွာသို့ ရောက်လာမည်ဖြစ်သည်။
YOU ARE READING
ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)
Randomမိမိကိုယ်တိုင်ဘာသာပြန်ထားခြင်းမဟုတ်ပါ စာရေးသူ facebookတွင်တင်ထားသည်များကို ကိုယ်တိုင်ဖတ်ရန်အတွက် သာsaveခြင်းဖြစ်ပါသည်။ စာရေးသူက ဖျက်ခိုင်းလျှင် ပြန်ဖျက်ပါမည်။